Kuromau Ramen Marutai 186g (Tonkotsu Ramen) 2ပွဲစာပါဝင်ပါသည်(179)

yurionlineshop

  • K-9,000
    Unit price per 
Tax included. Shipping calculated at checkout.

Only 9526 left!

၂ထုပ်ဝယ် Sappro Ramen  ၁ထုပ်လက်ဆောင် 

အသင့်သုံး ဂျပန်ခေါက်ဆွဲ ပြုတ် Ramen  ဖြစ်ပါသည် အတွင်းတွင် အနှစ်ထုပ်Sauce ပါဝင်ပါသည် ရေ အလည်တည် ပန်းဂံတစ်လုံးစာမပြည့်တစ်ပြည့်ကို ပြုတ်ပါ  ကြက်သွန်နီ ကြက်သွန် ဖြူ ဂျင်းအနည်းငယ် ထည့်ပါ   ဂေါ်ဖီအနည်းငယ် ထည့်ပါ အသီးအရွက် စားလိုပါက ကြိုက်ရာထည့်ပါ ရေဆူလာလျှင်  ခေါက်ဆွဲကို ထည့်ပါ ၂ မိနစ် ပြည့်လျှင် ခေါက်ဆွဲ ပျော့လာလျှင် အတွင်းတွင်ပါသော Sauce အထုပ်ကို ဖေါက်ထည့်ပါ ကြက်ဥကြိုက်လျှင် ကြက်ဥထည့် မွှေပါ  ၃မိနစ်အတွင်း အလွန်အရသာရှိသော ဂျပန်ခေါက် ဆွဲ ပြုတ်တစ်ခွက်ကို ရရှီစေပါမည်  ( ခေါက်ဆွဲ ၂ စီး နှင့်  Sauce ၂ ထုပ် 2 ပွဲစာ ပါဝင်သည်)

အစပ်လေးထည့်စားချင်ရင် ကြက်သွန်နီတို့နဲ့အတူ  ငရုတ်သီး အပွ အရှည်တောင့်ကို စောင်းစောင်းလေးလှီး ထည့် သို့မဟုတ် ငရုတ်သီးစိမ်းပါးပါး လေးပါထည့်ပါ ဒါမဟုတ် သရက်သီးသနပ် ချိုစပ်တို့လိုမျိုးထည့် လည်းအလွန်လိုက်ဖက်ပါတယ် 

ငရုတ်သိးအကြတ်မှုန့်ကို ကြက်သွန်ဖြူများများ ဆား အနည်းငယ်နှင့် ရောထောင်း နှမ်းဆီလေး နဲ့နယ်ထားတာ လေး ကို ထည့်စားလည်းလိုက်ပါတယ် 

 ပုံပါ ဝက်သားပြား ကြက်သားပြားလေးလုပ်စားချင်ရင်တော့ အသားများကို အရိုးဖယ်  အလေးနဲ့အနည်းငယ် ရိုက် အသားထဲကို ခရင်းနှင့်ထိုး ပြီးကြက်သွန်ဖြူခြစ်ထားတဲ့အရည် ဂျင်း အနည်းငယ်နှင့် Dashi အနည်းငယ်ထည့်နယ်ပါ  ခဏထားပါ  ပြီးရင် ဆီအနည်းငယ်ဖြင့် အနည်းငယ်ကြော်ပါ  နှစ်ဖက်လုံး အရေပြားအသားတင်းအောင်ကြော်ပါ 

ထို့နောက်

ရေ အလည်တည် ဟင်းချိုဇွန်း9ဇွန်း  Japan Shoyu (WADAKEN SHOYU) ပဲဖြူလေးကို ၉လကျော် ပေါင်းခံထုတ်လုပ်ထားသော ဟင်းချက် Soy Sauce  ဟင်းချိုဇွန်း ၂ဇွန်း   ( ဂျင်း လက် ၂ဆစ်ခန့်   ကို အပြား ပါးပါးလှီး ထည့်  သကြား  စတီးဇွန်း ၁ ဇွန်း ခွဲ ခန့် ထည့် ဟင်းချက်အရက် ဟင်းချိုဇွန်း  ၁ဇွန်း ထည့်ပြီး အသားကို နူးညံ့လာသည်အထိ မီးနွေးနွေးဖြင့်ကြိုပါ အရည်ခမ်းခါနီးထိကြိုပါ ဘဲဥပြုတ် ကြက်ဥပြုတ်များကိုလည်းအခွံခွာ  ပြီး  အပ်ဖြင့် အရာလေးများပေး အပ်ပေါက်ရာထိုး ပြီး ထည့် ပြုတ်၍ရပါသည်  ရေခဲသေတ္တာထဲ ထည့် ပြီးလိုအပ်သည့်အချိန်  ပါးပါးလှီး  ခေါက်ဆွဲပူပူပေါ်တင်စားပါ  အချဥ်အစပ်ဖြင့် တို့ စား၍လည်းအရသာရှိပါသည် 

 


We Also Recommend