Chuka Soba 250g Ramen Noodle ( 059 ) ဂျပန်ခေါက်ဆွဲ ခြောက်
ခေါက်ဆွဲသား အရသာ ထူးခြားကောင်းမွန်လှပါသည် အိမ်တွင်ဆောင်ထားခြင်းဖြင့် ချက်ချင်းအလိုရှိသည့်အချိန်တွင် အချိန်မရွေးခေါက်ဆွဲကြော် ခေါက်ဆွဲသုတ် ခေါက်ဆွဲပြုတ် စသည်ဖြင့် တစ်ခုခု လုပ်စားနိုင်ပါသည်
ခေါက်ဆွဲသားအရသာ အလွန်ကောင်းမွန်လှပါသည်
ဂျပန် ခေါက်ဆွဲ ပြုတ် (Ramen) လုပ်စားခြင်းမြန်မာခေါက်ဆွဲသုတ် ခေါက်ဆွဲ ကြော်များလုပ်စား၍လည်း အရသာ အလွန်ကောင်းလှပါသည် မြန်မာအုန်းနို့ခေါက်ဆွဲ နှင့်လည်းအလွန် အဆင်ပြေပါသည်
ခေါက်ဆွဲသားအရသာ အလွန်ကောင်းမွန်လှပါသည်
ဂျပန် ခေါက်ဆွဲ ပြုတ် (Ramen) လုပ်စားခြင်းမြန်မာခေါက်ဆွဲသုတ် ခေါက်ဆွဲ ကြော်များလုပ်စား၍လည်း အရသာ အလွန်ကောင်းလှပါသည် မြန်မာအုန်းနို့ခေါက်ဆွဲ နှင့်လည်းအလွန် အဆင်ပြေပါသည်
ခေါက်ဆွဲ ကို ပြုတ်ပြီး ခေါက်ဆွဲ တစ်ပွဲစာကို ကြက်သွန်အဖြူအနီဆီသတ် ထားသောဆီ အနည်းငယ်ဆမ်း Japan ဟင်းချက်Sauce ဆွတ်ယူး (Tsuyu) လက်ဖက်စားဇွန်း တစ်ဇွန်းခွဲ ခန့်နှင့်နယ်ပြီး စားပါက အလွန်အရသာရှိသော ထူးခြားသော ကျန်းမာရေးနှင့်ညီညွတ် သော စားစရာ တစ်မျိုးရရှိစေပါမည် တစ်ခြားဘာမှထပ်ထည့်စရာမလိုတော့ပါ
Japan Ramen လုပ်စားရန် ရေနွေးဖြင့် စပ်လိုက်ယုံဖြင့် Ramen ဟင်းရည်ရရှိစေမည့် Tonkatsu Ramen Sauce များလည်းရှိပါသည်
စားဖူးသမျှထဲက အကောင်းဆုံး ဆီချက်ခေါက်ဆွဲ တပွဲ အကြောင်းပါ အိမ်မှာဆောင်ထားရင် အလွယ်လေးလုပ်စားလို့ရပါတယ်
အိုးလွတ်ထဲမှာကြက်သွန်ဥလေး သုံးလေးလုံး ထိုးစိုက်ထား တစ်ပါတ်နှစ်ပါတ်ဆို ကြက်သွန်မြိတ် ခြံထွက်လေး အသင့်ဖြစ်နေပြီ
ဆီချက် အတွက်က ကြက်သွန်ဖြူကို မကြွတ်တကြွတ်လလေးကြော်ထား ဆီကိုယူ ကြက်သွန်ဖြူကိုစစ်ထားပြီးဆီကိုယူပါတယ်
ခေါက်ဆွဲကတော့ ဂျပန်ခေါက်ဆွဲပါ အလွန် အရသာကောင်းမွန်ပါတယ်
အခုချိန်ဝယ် ရင် 20% Discount နဲ့ 250 ဂရမ် မိသားစု ၃ဦး ၄ ဦးစားလို့ရတာကို 2800 ကျပ်ပါ
Sauceကတော့ Tsuyu ဂျပန် ဟင်းချက် Sauce လေးပါ ဂျပန် Shoyu လို့ခေါ်တဲ့ Soy Sauce နဲ့ ဟင်းချက်အရက်ချို တို့ ဟင်းချက်ဝိုင် တို့Dashi Japan ဟင်းခတ်မှုန့် တို့ Konbu ဂျပန်ရေမှော်တို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အရသာစပ်ထားပြီးသားဟင်းချက် Sauce လေးပါ
ဆီချက်ခေါက်ဆွဲ လုပ်နည်းကလုပ်နည်းကလည်းအလွယ်လေးပါပဲ
ခေါက်ဆွဲကိုပြုတ် တစ်ပွဲစာကို ကြက်သွန်ဆီချက် ဆီလေးနည်းနည်းဆမ်း Tsuyu ဂျပန် ဟင်းချက် Sauce လေး လက်ဖက်စား ဇွန်း ၂ ဇွန်းလောက် ထည့်နယ်
ကြက်သွန် ဖြူ ကြော်လေးကိုခြေပြီးဖြူး လိုက်ရင် ကို အလွန်ကောင်းတဲ့ ဆီချက်ခေါက်ဆွဲ ရိုးရိုးလေးရနေပါပြီ အသင့်သုံးးဂျပန်ရေညှိဟင်းချိုနဲ့ဆို အိုးဘာပြောကောင်းမလည်းရှယ်ပါပဲ
တကယ် ရောင်း တန်း ဆိုင်စား ဆီချက်ခေါက်ဆွဲလုပ်ချင်တယ်ဆိုရင်ဖြင့်
ကြက်သွန်ဖြူကြွတ်ကြွတ်ကြော်ထား ကြက်သွန်ကြော်လိုတယ် အချိန်မရရင် လက်ဖက်စားတဲ့ ထဲပါတဲ့ ကြက်သွန်ကြော်ကို ခြေထား လည်းရပါတယ်
ကြက်အရေခွံ သို့မဟုတ် ဘဲ အရခွံ လေးကိုမကပ်အိုးမှာ မီးနွေးနွေးနဲ့ကြော်ရင် ဆီထွက်လာပါတယ် အရေ ခွံနည်းနေတယ်ထင်ရင် ဝက်ဆီပါးပါးလေးလှီး ၂ပြား ၃ပြား လောက် လေးပါ ချူဆီအနေနဲ့ထည့်ပေါ့ ထွက်လာတဲ့ဆီနဲ့ သုံးပေါ့ ဆီစစ်အိုးမဆေးနဲ့ အဲဒီအိုးထဲမှာ အသားပြုတ် ရင်ပိုကောင်းပါတယ် ..
အသား တစ်မျိုးမျိုးကို ခရင်းနဲ့ အသားထဲ ထိုးဆွ အလေးနဲ့ထု ပြီးရင်
Dashi မှုန့် အနည်းငယ် ဂျင်းကြက်သွန်ဖြူ တို့ကိုခြစ်ပြီး တော့ သို့မဟုတ်ထောင်းပြီး အသား နဲ့နယ်ထား
ဂျပန် Shoyu လို့ခေါ်တဲ့ Soy Sauce နဲ့ ထပ်နယ်ပြီး ရေခဲသေတ္တာထဲ နာရီ ဝက်လောက်ထား ပြီးတော့မှ ပြုတ်ပေါ့ ဂျင်း ကြက်သွန်ဖြူနီငရုတ်ကောင်း တို့ ထည့် ကြက်သွန်မြိတ် အမြစ်တွေထည့် အသားနူးရင် ဆယ် ထား အအေးခံ ပြီး နုတ်နုတ်လေးစဥ်း ဆီချက်ခေါက်ဆွဲပေါ်မှာဖြူးပေါ့
အရည်ကို ဟင်းချို ဟင်းခါးလုပ်ပေ့ါ ဂေါ်ဖီလေး ပဲပင်ပေါက်လေးဖြစ်ဖြစ်ထည့် ပေါ့
ပြီးရင်တော့ခေါက်ဆွဲ မှာ အရေခွံ ကြော်ထားတဲ့ဆီ လေး ဆမ်း Tsuyu ဂျပန် ဟင်းချက် Sauce လေး လက်ဖက်စား ဇွန်း ၂ ဇွန်းလောက် ထည့်နယ်
ကြက်သွန်ကြော်လေးဖြူး ကြက်သွန်မြိတ်နဲ့အသားလေး တွေဖြူး ပြီးရင်စားကြည့်ပါ ဘယ် အရသာမှလိုက်မမှီတဲ့ ဆီချက်ခေါက်ဆွဲ ဆိုတာတွေ့ရမှာပါ
ဒီအရသာမျိုး ဘယ် လိုစပ်စပ် မမှီတာ တွေ့ရမှာပါ
အသားကို အမှုန်လေးတွေမဟုတ်ပဲ အကွင်းလိုက် တင်စားချင်တာဆိုရင်ဖြင့် အသားပြုတ် တဲ့အထိကအတူတူပါပဲ (ဘဲသားကြက်သားဝက်သား ပြုတ်ပါ )အသားအရမ်း မပျော့ မနူးခင်ဆယ် လိုက် ပြီး အသားပြုတ်ကို အေးအောင် ထား ပြိးရင်
မကပ်အိုးမှာ အသားထည့် ရေ ၂ဆ အဲဒီ ထဲမှာ Tsuyu ဂျပန် ဟင်းချက် Sauce တစ်ဆ သိကြား တစ်ဆ ထည့် ဂျင်း ပါးပါးလှီးထည့်ပါ အရည်ခမ်းအောင် ထိ ပြုတ်ပြီး အရည်ခမ်းပြိးပြစ်ပြစ်လေးဖြစ်သွားရင် အသားကို ပါးပါးလှီးစားလို့ရပါပြီ အလွန်အရသာရှိပါတယ် ဘဲသားကြက်သားဝက်သားအကုန်သုံးလို့ရပါတယ်