Karaage 100g (Chuga Machi Karaage) (163) အရသာ စပ်ထားပြီး ဖြစ်သော ဂျပန်စတိုင် ကြက်ကြော် မှုန့်ဖြစ်ပါသည်။
- Unicode
-
အရသာ စပ်ထားပြီး ဖြစ်သော ဂျပန်စတိုင်ကြက်ကြော်မှုန့်ဖြစ်ပါသည်။
ဆိုင်များတွင် စားသည့်ကြက်ကြော်အရသာထက်များစွာသာလွန်စေသည့်ကိုယ်ပိုင် အိမ်ချက်အရသာဖြစ်ပါသည်
ကြက်သားပေါင်သား ရင်ပုံသားတို့ကို အရိုးဖယ်ပြီး လက်နှစ်ဆစ်ခန့်အတုံးလေးတောင့် စပ်စပ် လေး များတုံးထားပြီးရေဆေးပြိးစစ်ထားပါ ။
အမှုန့် 100 g ကို ရေသန့် 100 ml ဖြင့် ဖျော်ပါ မပျစ်မကျဲ ဖျော်ပါလက်ညိုးဖြင့် အနှစ်ကိုနှစ်ပြိး လက်ညိုးမှ အစက်ကပျစ်ပျစ်လေး ကျသည့် အနေအထားသည် အကောင်းဆုံးဖြစ်ပါသည်။ထို့နောက် အသားကို ဖျော်ထားသော အနှစ်ထဲ ထည့်နှစ် ထည့်ထားပြီး အရသာများ အသားထဲ စိမ့် ဝင်အောင် ၅မိနစ်ခန့် နယ်ပေးပေးပါ.....
ဆီအပူချိန် 80 C ခန့် ရှိသော ဆီဒယ်အိုးတွင် ပထမအကြိမ်၂ မိနစ်ခန့် ကြော်ပါ -
တကြိမ်ကို ဘေးသားတင်းအောင်ကြော်ပြီး ပြန်ဆယ်ထားပါ ဘေးသားအေးသွားအောင် ခဏစောင့်ပြီး ဒုတိယတကြိမ်ထပ်ကျော်ပါ ,ပထမအကြိမ်ရဲ့ အပူရှိန်က အထဲကိုဝင်ပီးကြက်သွားချိန် ဒုတိယကြော်တဲ့ အပူချိန်က အပြင်သားကို ကြွတ်အောင်ကြော်ပေးပါလိမ့်မယ် ....
-
ဒါဆိုရင်အလွန် အရသာ ရှိပြီးကြွတ် ရွသော ဂျပန်စတိုင် ကြက်ကြော်ကို ရရှိစေပါသည် ။အမှုန့်နှင့် ကွာခြားချက်မှာ အမှုန့် နှင့်ကြော်ပါက ကြက်သား အရသာသည် အကင်ကဲ့ သို့အနည်းငယ်ဖြစ်စေပါသည် ယခုအနှစ်မှုန် ့ ဖြင့်ကြော်ပါက ပွပြီး အနှစ်အရသာကို ပါ ရရှိစေပါသည်။ကြက်ကြော်သည် ဆီများ အလွန်အကျွံမပါဝင်ခြင်း ကြောင့် အရသာရှိပြီးကျန်းမာရေး အတွက် အလွန်သင့်လျော် ပါသည် ထမင်းပူပူလေးဖြင့် အလွန်လိုက်ဖက်သော ဂျပန်စတိုင် ကြက်ကြော် မှုန့်ဖြစ်ပါသည် ။အရသာစပ်ပြီး အမှုန့်ဖြစ်ပါသဖြင့် ဆားလဲ ထည့်စရာမလို ဘာမှထပ်ထည့်ရန်မလိုတော့ပဲ အမှုန် ့ကို ရေဖြင့် ပျစ်ပျစ် ဖျော် ပြီး အသားကိုကပ်၍ ကြော်လိုက် ယုံသာဖြစ်ပါသည်။ အသားတွင် ရေများမပါအောင်ဂရုစိုက်ပါ ။အချဉ်ကြိုက်ပါက သံပုရာသိးအနညး်ငယ် ညှစ်ပြိးစားက ပိုမိုလိုက်ဖက်ပါသည်။သားသားမီးမိး တို့အလွန်ကြိုက်နှစ်သက်ပြီးကျန်းမာရေးနှင့် ညီညွတ်သော ဟင်းတစ်ခွက်ဖြစ်ပါသည် ကြက်ကြော် ထမင်းပူပူလေးနှင့် ရေညှိဟင်းချို လေးတို့ဖြင့် အလွန်လိုက်ဖက်ပါသည်၊
100 g တစ်ထုပ်လက်နှစ်ဆစ်အရွယ် ကြက်သားအတုံး ၆၀ ခန့် ကြော်၍ရပါသည်၊