Akakara Ramen ( Ready Food noodle ) 001 ဂျပန် ခေါက်ဆွဲ 1ပွဲစာတစ်ထုပ် ( အစပ်အရသာ )

yurionlineshop

  • K-6,000
    Unit price per 
Tax included. Shipping calculated at checkout.

Only 910 left!

အရသာရှိတဲ့ ဂျပန် ခေါက်ဆွဲပြုတ် (Ramen) တွေရပါပြီ ၃မိနစ် ပြုတ် ယုံနဲ့ ဂျပန်ပြည်တွင်း Ramen ဆိုင်မှာစားရသလို အရသာထူးတဲ့ ဂျပန် ခေါက် ဆွဲ တွေရပါပြီ တစ် ပွဲ တစ် ယောက်စာ အထုပ်များနဲ့ ၂ ပွဲ စာ ၂ ထုပ် ပါတဲ့ ၂ယောက်စာ အထုပ်များ ၅ ပွဲပါ ၅ထုပ် ၅ ယောက်စာ များ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်

အိမ်မှာဆောင်ထားခြင်းဖြင့် အလိုရှိသည့်အချိန်တွင် ချက်ချင်း ဂျပန် ခေါက်ဆွဲပြုတ်တစ်ပွဲရရှိစေမှာပါ
ရေ ပူပူမှာရေပူမှထည့်ပါ ခေါက်ဆွဲထည့် ၃မိနစ် ခန့်ပြုတ်ပြီးဆယ်ထားပါ
ပြီးရင် သူ့မှာ ပါတဲ့ အနှစ် Sauce ထုတ်များကိုပန်းကန်လုံးထဲဖေါက်ထည့် ပြီးရေပူလေးဖြင့် ဖျော်ထားပါ ထိုနောက် ပြုတ်ထားသောခေါက်ဆွဲကို ဆယ်ပြီး သုံးဆောင်မည့် ပန်းကန်ထဲထည့် ပါ ထို့နောက် မိမိနှစ်သက်ရာ ပဲပင်ပေါက် နံနံပင်တို့ကို ခေါက်ဆွဲ ပေါ်မှအလှဆင်ပါ ထို့နောက် ရေပူဖြင့်ဖျော်ထားသောအနှစ်ကိုလောင်းထည့်ပါ ရေပူ လိုသလောက်ထပ်ထည့်ပြီး သုံးဆောင်၍ရပါပြီ
ဒါမှမဟုတ် ပိုကောင်းချင်တယ်ဆိုရင်တော့
အာလူး အနေတော်အတုံးငယ်များတုံး မုန်လာဥနီ ကော်ဖီ ကြက်သွန်နီ တို့ကို ရေထဲထည့်ပြုတ်ပါ မနွမ်းပါစေနှင့် အရွက်များအဖတ်များကိုဆယ်ထားပြီးခေါက်ဆွဲပြုတ်ပေါ်သို့တင်ပါ ထိုနော့က်ပြုတ်ရည်ဖြင့် အနှစ်များကိုဖျော်ပြီး လိုသလောက် သုံးဆောင်မည့်ခေါက်ဆွဲပန်းကန်ထဲသို့ ခေါက်ဆွဲပြုတ်အဖတ်ထည့် အနှစ်ဖျော်ရည်ထည့် ပြုတ်ထားသည့်အသီးအရွက်များထည့် ပြုတ်ရည် ခေါက်ဆွဲ တဝက် ခန့်ထိထပ်ထည့်ပြိး သုံးဆောင်၍ရပါပြီ
အသားငါး အရသာပါလိုချင်တယ်ဆိုရင် အသားငါးပြုတ်ရည်ဖြင့်အနှစ်ကိုဖျော်ပါ အထက်ပါ နည်းအတိုင်းအသီးအရွက်များတည်ထားပါ အသား ငါး တစ်ခုခု ကို သေးသေး လေးနွှင် ဆီအနည်းငယ်နှင့်
ငရုတ်သီး အစပ် ကြိုက် ရင် ဆီသတ်စဥ် ငရုတ်သီး အစိမ်းမှု့န်ထည့် အစပ် အရသာ ပေါ် အောင် ထည့်တာပါ  ငရုတ်သီးအစိမ်းသုံးချင်ရင်  အသီးအရွက် ပြုတ်ရည်စပြုတ်ကတဲက ထည့်ပြုတ် ပါ
အသီးအရွက် အသားငါး အမျိုးမျိုးကို ထည့်ပြုတ်ပြီး မိမိစိတ်ကြိုက် အရသာ ဖန်တီးလို့လည်းရပါတယ် အသီးအရွက် ထည့်ပြီးအရသာ ပွားရင် တော့ Dashi လေးနဲနဲထည့်ပြုတ်ပါ က ပိုကောင်းပါတယ် ပန်းကန်ထဲ ထည့် ပြီးအပေါ်က နံနံပါင် လေးတစ်ခက်လောက်တင် စားရင် အပူထဲ ထည့်နှစ်စားရင် အနံမွှေးမွှေးလေးနဲ့ ဂျပန်Ramen မြန်မာစတိုင်လေးလည်းရစေပါတယ်
ရည် ပျစ်ပျစ်လေးလိုချင်ရင်  ကြက်ဥတစ်လုံး ဖေါက် ထည့်မွှေပေးပါက အလွန်အရသားထူးကဲစေပါတယ်
ငရုတ်ကောင်းလေးဖြူး ကြက်သွန်ဖြူလေးကို အပေါ်က ခြစ်ထည့်ပြီး စားရင် အလွန်အရသာ ထူးကဲလှပါတယ်
မိသားစု မြိုင်မြိုင်ဆိုင်ဆိုင်လေးစားလို့ရတဲ့ ဟင်းလျာ တစ်ခွက် လည်း ဖြစ် စေ သလို ထမင်းပူပူလေးနဲ့လည်းတွဲစာလို့ရပါတယ်ကျန်းမာရေးနဲ့ လည်းညီညွတ် အိမ်လုပ် မနက်စာ breakfast လေးလည်းဖြစ်စေမှာပါ
အိမ်မှာဆောင်ထားပြီးလိုတဲ့အချိန် ချက်ချင်း သုံးစွဲလို့ရပါတယ် နော်
*မှတ်ချက် ခေါက်ဆွဲကို ရေပူ ရေဆူလာမှ ထည့်ပါ ခေါက်ဆွဲ ကို အရမ်း ပျော့ အောင် မတည်ရပါ ခေါက်ဆွဲ ကို ရေပူထဲထည့်ပြီး ၃ မိနစ်ထက် ပိုမပြုတ်ရပါ ရေပူဖြင့်ပြုတ်ပြီး ဇကာဖြင့် ဆယ် ရေစစ်ထားပါ ထို့နောက် သုံးဆောင်မည့်ပန်းကန်လုံးထဲ ခေါက်ဆွဲထည့်ပါ ပြုတ်ရည်ဖြင့်အနှစ်ကိုဖျော်ပါ ခေါက်ဆွဲ မှာ အပူချိန်ဖြင့် စားနေရင်းဖြင့် ပျော့ပြောင်းသွားပါမည် .

 ကြက်ဥကြော်ငါးကြော် Wakame Japan ရေညှိဟင်းချိုတို့ဖြင့်အလွန်လိုက်ဖက်ပါသည် 

သားသားမိးမိီးတို့ကို  မြန်မာ ပုံစံ ဆီပြန် ထမင်းချည်းပဲ နေတိုင်းကျွေးနေတာထက်ဒါမျိုးလေးတွေတစ်ခါတစ်ခါ လုပ်ကျွေးသင့်ပါတယ်  မိသားစုထမင်းဝိုင်းလည်းအပြောင်းအလည်းဖြစ်တာပေါ့


We Also Recommend