Wadakan Shoyu 1L ပဲပိစပ်ပဲငံပြာရည် Japan Soy Sauce (311)***Discount 20% Off ***

Ready Food

  • K-23,200
    Unit price per 
  • Save K-5,800
Tax included. Shipping calculated at checkout.

Only 966 left!

ပဲဖြူလေးများကို ၉လကျော်ပေါင်းခံပြီး လူခန္ဒာကိုယ်အတွက်လိုအပ်သော အဟာရဓါတ်များ ရရှိရန် စနစ်တကျပေါင်းတင်ထုတ်လုပ်ထားသော ကမ္ဘာနာမည်ကျော် ဂျပန် ပဲငံပြာရည်ဖြစ်ပါသည်
 အသားငါးများအသီးအရွက်ကြော်များချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုပါကအရသာထူးခြားကောင်းမွန်လှပါသည် 

သွေးတိုးသမားများဆားအစားအသုံးပြုနိုင်ပါသည် 

ပုံပါ အသားကင်ထင်း အတွက်ကတော့

Shoyu တဆ ရေ 2 ဆ ဟင်းချက် အရက်ချို 1/2 တဝက် ဟင်းချက် ဝိုင်ချို MIRIN  တဆ သိကြား 1/2   ဂျင်း လက် လေး သစ် နာနတ်ပွင့်  ၄ပွင့် ခန့် ပါးပါးလှီး တို့ဖြင့်  တပွက်ဆူခန့် ဆူလာသည်အထိ ကြိုပါ ရေခဲသေတ္တာထဲထည့်သိမ်းထားပါ 3 ရက် ၄ ရက်အထားခံပါသည်  

အသားနုများကို ခရင်းနဲ့ထိုးဆွ အနည်းငယ် ထုထားပါ အနေတော် မထူမပါး လှီးထားပါ မီးနွေးနွေး  ဖြင့်မကပ်သောအိုးပြားပြားတွင် ဆီအနည်းငယ်သုတ်၍ ကင်သကဲ့သို့ကြော်ပါ အကြာကြီးမကြော်ရ အသားမာတတ်သည်  အသားကြတ်လျှင် မီးနွေးနွေးဖြင့် အပေါ်တွင်လုပ်ထားသော Sauce  ကိုဆမ်းပါ အရည်ပြစ်လာပြီးအသားများနှံအောင်လုပ်ပါ ထမင်းပူပူပေါ်တွင် တင် နှမ်း အနည်းငယ်ဖြူး ဟင်းပွဲအမျိုးမျိုးပုံစံလှအောင်ပြင်၍ သုံးဆောင်နိုင်ပါပြီသားသားမီးမီးတို့အလွန်ကြိုက်နှစ်သက်ပါသည် ကြက်သား အရိုးမပါ ငါး အရိုးမပါအောင် ထွင်ထားသော အသားငါးများကိုလည်းလုပ်၍ရပါသည် 

ပုံပါ ဝက်သားပြား ကြက်သားပြားလေးလုပ်စားချင်ရင်တော့ အသားများကို အရိုးဖယ်  အလေးနဲ့အနည်းငယ် ရိုက် အသားထဲကို ခရင်းနှင့်ထိုး ပြီးကြက်သွန်ဖြူခြစ်ထားတဲ့အရည် ဂျင်း အနည်းငယ်နှင့် Dashi အနည်းငယ်ထည့်နယ်ပါ  ခဏထားပါ  ပြီးရင် ဆီအနည်းငယ်ဖြင့် အနည်းငယ်ကြော်ပါ  နှစ်ဖက်လုံး အရေပြားအသားတင်းအောင်ကြော်ပါ 

ထို့နောက်

ရေ အလည်တည် ဟင်းချိုဇွန်း 6ဇွန်း  Japan Shoyu (WADAKEN SHOYU) ပဲဖြူလေးကို ၉လကျော် ပေါင်းခံထုတ်လုပ်ထားသော ဟင်းချက် Soy Sauce  ဟင်းချိုဇွန်း ၂ဇွန်း   ( ဂျင်း လက် ၂ဆစ်ခန့်   ကို အပြား ပါးပါးလှီး ထည့်  သကြား  စတီးဇွန်း ၁ ဇွန်း ခွဲ ခန့် ထည့် ဟင်းချက်အရက် ဟင်းချိုဇွန်း  ၁ဇွန်း ထည့်ပြီး အသားကို နူးညံ့လာသည်အထိ မီးနွေးနွေးဖြင့်ကြိုပါ အရည်ခမ်းခါနီးထိကြိုပါ

ရေခဲသေတ္တာထဲ ထည့် ပြီး ထားပါ လိုအပ်သည့်အချိန်  ပါးပါးလှီး  ခေါက်ဆွဲပူပူပေါ်တင်စားပါ  အချဥ်အစပ်ဖြင့် တို့ စား၍လည်းအရသာရှိပါသည် 

ဘဲဥပြုတ် ကြက်ဥပြုတ်များကိုလည်းအခွံခွာ  ပြီး  အပ်ဖြင့် အရာလေးများပေး အပ်ပေါက်ရာထိုး ပြီး ထည့် ပြုတ်၍ရပါသည်  

 


We Also Recommend