MISO (MARU KO ME MISO SHIRU SOUP မိဆောရှိယု ကျန်းမာရေးအစားအစာ ဂျပန်ပဲအနှစ် (190)

yurionlineshop

  • K-13,000
    Unit price per 
Tax included. Shipping calculated at checkout.

Only 790 left!

Unicode
Miso (မိဆော)
ဂျပန်နာမည်ကျော်ဟင်းလျာ တစ်မျိုးဖြစ်သည့် ဂျပန်ထမင်းဝိုင်း တိုင်း မပါမဖြစ် သည့် မိဆော ရှိယု ဟင်းချို ချက်ပြုတ်ရာတွင် အဓိက အသုံးပြုပါသည်။
မိစောကိုဂျပန်လူမျိုးများက စားသောက်ကုန််တစ်ခု အဖြစ်သာမက လူတို့အတက် မရှိမဖြစ် အရေးပါ  
သော အဟာရ တန်ဖိုး မြင့်  ဖြည့်စွက် အစာအဖြစ် အသုံးပြု ပါသည်  ။
ဂျပန်လူမျိုးများသည် အစားအစာများထုတ်လုပ်ရာတွင်
 နံပါတ် ၁ အစာမှ ဘေးမဖြစ်စေဖို ့ အန္တရယ်ကင်းဖို့
နံပါတ် ၂ အဟာရ ဖြစ်ဖို ့
နံပါတ် ၃ မှအရသာရှိဖို့ အဓိက ထားထုတ်လုပ်ကြပါသည်
အရသာတစ်ခုတည်းးအတွက်မဟုတ်ပဲ အဟာရတန်ဖိုးမြင့်မားသည့် လူခန္ဒာကိုယ် အတွက်မရှိမဖြစ် စားစရာဓါတ်စာတစ်မျိုးအဖြစ် ထုတ်လုပ် ထားပါသည်။
မျိုးကောင်းမျိုးသန် ့ပဲများကို ပေါင်းခံပြိး အမှုန် ့ ကြိတ်အပူချိန်အတိအကျဖြင့် ကွန်ပြူတာအပူချိန် ထိမ်း ချုပ်စက်များဖြင့်ရက် ၉၀ ကျော် ပေါင်းခံပြီး လူတို့အတွက် မရှိမဖြစ်သော အဟာရဓါတ် များ ရရှိလာစေရန် ပေါင်းခံပြီး  နူးညံ့သော အနှစ်ဖြစ်အောင် ပြုလုပ်ထားပါသည် ။
ထုပ်လုပ်ချိန် ပဲ ရေဆေးသည်မှ အနှစ်ဖြစ်ပြိး အထုပ်ထဲ ထည့်သည်အထိ လူတို ့ လက်ဖြင့် ကိုင်တွယ်ခြင်း အလျင် းမရှိ စေ ပဲ ပြင်ပလေနှင့် အကန့်ကတ်သတ်ခြား  ထားသော ပိုးသတ်ထားသော အခန်းများတွ င် စက်များဖြ င့်သာ နညး်ပညာဖြင့် ထုတ်လုပ်ပါသည် ။
Miso သည် အဟာရတန်ဖိုးမြင့်မားလှပါ သည် ထမင်းစားတိုင်း မပါမဖြစ် ဟင်းချို ဖြစ်ပါသည်၊ ၁၀၀ % သဘာဝထုတ်ကုန်ဖြစ်ပါသည် ရေပူတွင် ဖျော် ယုံဖြင့် ဟင်းချို တစ်ခွက်ရရှိစေပါသည်
Miso တွင် vitamins K and B12, calcium, iron, magnesium, selenium and phosphorus, copper, manganese, vitamin K, protein, and zinc  တို့လည်း ပါဝင်ပါသည် သာမန်စားစရာ ကဲ့သို့မဟုတ်ပဲ ဗီတာမင် အားဆေး ကဲ့သို့ အဟာရ အပြည့်ပါသော သဘာဝစားသောက်ကုန် ဖြစ်ပါသည်
Miso ဖြစ်စေရန် စနစ် တကျ   ပေါင်းခံထားသော ပဲပိစပ်  သည် အစာချေဖျက်မှု့ ကို ကောင်းမွန်  စေပါသည် အဆုတ် အူမကြီး အစာအိမ်နှင့်ရင်သားကင်ဆာ များအန္တရယ်ကို လျော့ချပေး သည်ဟု သုတေသနပြု ထားသည့်အထောက်အထားများစွာရှိပါသည်
မိဆောစားသုံးသူများ သည် မစားသူများထက် 50% -54% ထိ ရင်သားကင်ဆာဖြစ်ခြင်းကို လျှော့ ချပေး ပါသည်
မိဆော ၆ g နေ့စဉ် စားသုံးပါက လေထုမှပါသော အဆုတ်လမ်းကြောင်းဆိုင်ရာ  ရောဂါများကို ကာကွယ် ပေးနိုင်သည် ဟု လည်းဆိုပါသည်
မိစော ထမင်းစားဇွန်းတစ်ဇွန်းတွင်
34 calories
2 grams protein
1 gram fiber
4.5 grams carbs
1 gram sugar
0.07 milligram copper (8 percent DV)
0.146 milligram manganese (8 percent DV)
5 milligrams vitamin K  (6 percent DV)
0.44 milligram zinc (4 percent DV)
27 milligrams phosphorus (4 percent DV)
12.3 milligrams choline (3 percent DV)
များပါဝင်ပါသည်
ပဲပင်ပေါက် တို့ဖူး အတုံးငယ်များ မုန်လာဥနီ ဂေါ်ဖီကြသွန်မိတ် များကို ထည့်၍ လဲအရသာ ဖန်တီးကြပါသည် 
မိစော ဟင်းချိုသည် အသားမစားသူများ အတွက် အလွန်သင့်လျော်ပါသည်။
ချဉ်ဟင်းများ တွင် ဖျော်ထည့်၍ လည်းရပါသည်  ဟင်းများအရသာအလွန် ကောင်းစေပါသည် ကလေးငယ်များလဲ အလွန်ကြိုက်နှစ်သက်ပြီးအဟာရ ပြည့်ဝသည့် ဟင်းလျာဖြစ်စေ ပါသည်။
ကြက်သား၊ ဝက်သား၊ ငါး အချိုချက် များတွင်လည်း အနှစ်ကို ရေပူဖြင့် ဖျော်ထည့်ပါက အရသာ အလွန် ကောင်း ပြီးဆန်းသစ်သော ကိုယ်ပိုင်အရသာ အဟာရပြည့်ဝသည့်  ဟင်းလျာ တစ်ခွက်ဖြစ်စေ ပါသည်၊ Miso ထည့်ထားသော ဟင်းလျာများ သည် အရည်သောက် အရည် ဆမ်းစား ၍လဲ အရသာအလွန်ကောင်းမွန်ပါသည် ၊ ဆီ ကိုစုပ်ယူထားသဖြင့် ဆီပြန်သော ဟင်း မဖြစ်စေပါ ။
ချဉ်ဟင်းတွင် လည်းမိစောအနှစ်အနညး်ငယ်ဖျော်ထည့်ပါ က အလွန်အရသာရှိပါသည်
ကြက်သားမဆလာဟင်းတွင် ဆိလျော့ထည့်ပြီး ဆီကျန်ရေကျန် အဖြစ် ချက်ပြီး ချခါနီးတွင် မိဆောအနှစ်အနညး်ငယ်ကို ရေဖျော်ထည့်လိုက်ပါ ကအလွန်အရသာရှိသော မြန်မာ ကြက်သား မဆာလာဟင်း တစ်ခွက် ကိုရရှိစေပါသည် ။
မိဆောအားသာချက်မှာ ဆီများကိုစုပ်ယူပြိး  အဆီများကို ပျော် လွယ်စေခြငး်ဖြစ်ပါသည် ။
ထားသိုရန်အေးသောနေရာတွင်ထားပါရန် )
မိစောကို ဟင်းလျာများတွင်ထည့်သွင်း ကာ စားသုံးကြခြင်းမှာ အရသာတစ်ခုတည်းအတွက်မဟုတ်ပဲ  အဟာရ ဖြစ် စေခြင်း အကျိုုးအတွက် ပါ တမင်သုံးစွဲကြခြင်းဖြစ်ပါသည်
မိဆောသည်ဆီကိုစုတ်ယူစေသော ဂုဏ်သတ္တိ  ရှိသဖြင့် အဆီတိုးခြင်းကိုလဲ ထိမ်းချုပ်ပေးပါသည်
မိစောရှိယု ဟင်းချိုချက်နညး်
ဂျပန်တိုဖူးကို အတုံးလေးများတုံးထားပါ
မုန်လာဥနီ ကိုလက်သန်းအရွယ် လက်နှစ်ဆစ်ခန့် အမြှောင်း လေးများသို့မဟုတ် ပါးပါး အဝိုင်းလေးများလှီးထားပါ
မိသားစု ၄ဦးစာ အလည်တည်ပန်းဂံတစ်လုံးစာ တွင် မုန်လာဥနီထည့်ပြီး ပြုတ်ထားပါ
ရေပူလာလျှင် မိဆောရှိယု စတီးဇွန်းတစ်ဇွန်းခန် ့ကို ခွက်ထဲ ထည့်၍ ရေပူဖြင့်မွှေပြီးဖျော်ပါ
ဖျော်ထားသော အရည်ကို ရေဆူေအောင်တည်ထားသောအိုးထဲ ထည့်ပါ
တို့ဖူးထည့်ပါ မိဆောရှိယု ဟင်းချိုတစ်ခွက်ရပါပြီ
ဂျပန် WAKAME ရေညှိ ခြောက်များကို ရေစိမ်ထားပြီး ထည့် သုံး၍လဲရပါသည်
မှို . ပဲပင်ပေါက် .  ကြက်သွန်မိတ်များ တစ်မျိုးစီ ပြောင်းထည့်၍ ဟင်းချို အမျိုးမျိုး လုပ်စား၍ရပါသည်
နောက်တနည်း
ဝက်သား ကြက်သား များကို အနေတော် အတုံးငယ်များတုံး၍ အညှီအညစ်အကြေးများ ပျယ်သွားအောင်  ရေတစ်ပွက်ဆူဆူ ဖြင့် ပြုတ်ပါ သို့မဟုတ်ရေပူဖြင့်စိမ်ဆေးပါ
လည်းအကောင်းအသား များကို ရေအသစ်ဖြင့် ထည့်ပြုတ်ပြီး မုန်လာဥနီ မုန်လာဥဖြူ များ ကို အနေတော်တုံး၍ အသားများကျတ်ပြီးရေဆူလာလျှင်  မိဆောရှိယုဖျော်ထည့်ပြီး လည်း အရသာထူးခြားပြိး အဟာရအပြည့်ပါသည့် ဟင်းလျာတစ်မျိုးကိုရရှိစေပါသည်
ငါးဟင်းကိုလဲ မန်ကျည်းသိးမှဲ့ဖျော်ထည့်သကဲ့သို့ အရည်ဖျော်ထည့်ပြီးချက်၍ရပါသည် ငါးညှိနံ့ လုံးဝမပါတော့ပဲ အရသာရှိသောဟင်းတစ်ခွက်ကိုရရှိစေပါသည်
ငါးသည် ကလေးငယ်များ ညဏ်ရည်ဖွံဖြိုးစေသဖြင့် ကလေးငယ်များကို ငယ်စဉ်ကပင် အလေ့အကျင့်လုပ်ကျွေးသင့်ပါသည်
မှတ်ချက် မိဆောအနှစ်တွင် DASHI ပါပြီးဖြစ်သဖြင့် မိဆော သုံးလျှင် တစ်ခြား  ဆား နှင့် ဟင်းခတ်မှု့န် ့တို့ကို  ထပ်ထည့်ရန် မလိုပါ
ရေပူရောလိုက်ယုံ ဖြင့် အသင့်သောက်သုံးနိုင်သော MISO SOUP  READY MADE အထုပ်ငယ်များလဲ ရှိပါသည်
အင်တာနက်မှာ Miso လို့ရိုက်လိုက်တာနဲ့သူ့တန်ဖိုး နဲ့အသုံးဝင်ပုံများ ကိုမြင်ရပါမယ်
Is it OK to drink miso soup everyday?
Researchers have found that consuming one bowl of miso soup per day, as do most residents of Japan, can drastically lower the risks of breast cancer. ... Miso helps the body maintain nutritional balance. It is loaded with other nutrients along with its beneficial bacteria and enzymes.

How healthy is miso soup?
Miso is rich in essential minerals and a good source of various B vitamins, vitamins E, K and folic acid. As a fermented food, miso provides the gut with beneficial bacteria that help us to stay healthy, vibrant and happy; good gut health is known to be linked to our overall mental and physical wellness.

Zawgyi

Miso (မိဆော)


မိစောကို ဂျပန်လူမျိုးများက စားသောက်ကုန်တစ်ခု အဖြစ်သာမက လူတို့အတက် မရှိမဖြစ် အရေးပါ   




နံပါတ် ၂ အဟာရ ဖြစ်ဖို့ 




ထုပ်လုပ်ချိန် ပဲ ရေဆေးသည်မှ အနှစ်ဖြစ်ပြိး အထုပ်ထဲ ထည့်သည်အထိ လူတို့  လက်ဖြင့် ကိုင်တွယ်ခြင်း အလျင်းမရှိ စေ ပဲ ပြင်ပလေနှင့် အကန့်ကတ်သတ်ခြား  ထားသော ပိုးသတ်ထားသော အခန်းများတွ င် စက်များဖြ င့်သာ နည်းပညာဖြင့် ထုတ်လုပ်ပါသည် ။






  • 34 calories
  • 2 grams protein
  • 1 gram fiber
  • 4.5 grams carbs
  • 1 gram sugar

များပါဝင်ပါသည်





ချဉ်ဟင်းတွင် လည်းမိစောအနှစ်အနည်းငယ်ဖျော်ထည့်ပါ က အလွန်အရသာရှိပါသည်

ကြက်သားမဆလာဟင်းတွင် ဆိလျော့ထည့်ပြီး ဆီကျန်ရေကျန် အဖြစ် ချက်ပြီး ချခါနီးတွင် မိဆောအနှစ်အနည်းငယ်ကို ရေဖျော်ထည့်လိုက်ပါ ကအလွန်အရသာရှိသော မြန်မာ ကြက်သား မဆာလာဟင်း တစ်ခွက် ကိုရရှိစေပါသည် ။

မိဆောအားသာချက်မှာ ဆီများကိုစုပ်ယူပြိး  အဆီများကို ပျော် လွယ်စေခြင်းဖြစ်ပါသည် ။


မိစောကို ဟင်းလျာများတွင်ထည့်သွင်း ကာ စားသုံးကြခြင်းမှာ အ၇သာတစ်ခုတည်းအတွက်မဟုတ်ပဲ  အဟာရ ဖြစ် စေခြင်း အကျိုးအတွက် ပါ တမင်သုံးစွဲကြခြင်းဖြစ်ပါသည်


မိစောရှိယု ဟင်းချိုချက်နည်း

  • ဖျော်ထားသော အရည်ကို ရေဆူအောင်တည်ထားသောအိုးထဲ ထည့်ပါ
  • နောက်တနည်း

 

 


We Also Recommend