Japanese Nabe Hot Pot Soup (Hot & Spicy)(146)*** Discount 30% Off ဂျပန်ဟော့ပေါ့
ဂျပန်နိုင်ငံထုတ် Japanese hot pot Soup (အစပ်အရသာ) အရည်ထုတ်ပါ ( Japanese Nabe ) အရည်ပါ
Japan နိုင်ငံစားသောက်ကုန်ထုတ်လုပ်မှု့ထုံးစံအတိုင်း
နံပါတ် ၁ အန္တရာယ်ကင်းဖို့
နံပါတ် ၂ အဟာရဖြစ်ဖို့
နံပါတ် ၃ အရသာရှိဖို့ ဆိုတဲ့ အဆင့် ၃ ဆင့် နဲ့စနစ်တကျ ထုတ်လုပ်ထားတာပါ
မိသားစု တွေမိတ်ဆွေတွေအတူ ဝိုင်းဖွဲပြီး အိမ်မှာလွယ်လင့်တကူ ချက်စားလို့ရပါတယ် တပါတ်တခါ နှစ်ပါတ် တခါ အတူဝိုင်းဖွဲ့စားသောက် သင့်တဲ့ စားစရာပါ
Japanese hot pot စားသုံးမှု့အလေ့အထသည် ချစ်ခင်စည်းလုံးမှု့ကို ဖေါ်ပြပြီး အင်အားကြီးထွားစေတဲ့ အယူအဆ ယဥ်ကျေးမှု့ စားစရာအဖြစ်လည်း ရှေးဂျပန်များက သတ်မှတ်ကြပါတယ် မိမိအိမ် မှာမိသားစု အတူဆုံပြီး စားကြသလို အပန်းဖြေစခန်းများမှာလည်း မိတ်ဆွေများစုဖွဲ့ စားသောက်ကြပါ တယ်
ဂတ်စ်မီးဖို သို့မဟုတ် လျှပ်စစ် မီးဖိုနဲ့ တွဲရက် အိုးလေးမှာ မုန်ညှင်း ဖြူ မုန်ညှင်းစိမ်း ဂေါ်ဖီ မှိုအမျိုးမျိုး အပ်မှို ကြက်သွန် အနီအကွင်းအကွင်းလှီး အသီးအရွက် မျိုးစုံ နဲ့ ကန်ဇွန်းရိုးနီ ပဲညွန့် အချဥ်ကြိုက်ပါ က ခရမ်းချဥ်သီး စသည်ဖြင့် အသီးအရွက်အမျိုးမျိုး တို့ဖူး နဲ့ ဝက်သား အမဲအသား ကြက်သား စသည်ဖြင့် အသားပါးပါးလှီး သို့မဟုတ် ပင်လယ်စာ သို့မဟုတ် အကုန်လုံးကို ထည့် ပြီးအတူရောပြုတ် လို့ရပါတယ် တီလားပီးယား ငါးကို အရိုးမပါအောင် အသားချည်းပဲ လှီးပြီး ထည့်သုံးကြပါတယ်။ (တိလာပီးယားသည် ဗီတာမင် D၊ ဗီတာမင် B12 နှင့် ပိုတက်စီယမ် မြင့်မားသည်။)
Yuri ဆိုင်တွင် အသားပြား ငါးအသားလုံး များ နှင့် အသီးအရွက်တို့စရာ Sauce အမျိုးမျိုလည်းရှိပါသည် ၊
ချက်ပြုတ်နည်း
ပထမဦးစွာ အိတ်ကို လှုပ်ခါလိုက်ပါ။အိတ်ဖောက်ပြီး အိုးထဲထည့်၍ ပွက်ပွက်ဆူအောင်တည်ပါ။ ထို့နောက် ကြိုက်နှစ်သက်ရာ အသား၊ အသီးအရွက်များထည့်ပြီး ၅မိနစ်မှာ ၁၀မိနစ်ခန့်ပြုတ်ပါ။ဟင်းရည်ထဲကို နှစ်သက်ရာခေါက်ဆွဲ၊ ပဲကြာဇံ (MALONY NIMONO NABEYOU) တိုနှင့်ထည့်စားနိုင်ပါသည်။ဟင်းရည် ၇၅၀ဂရမ်သည် အနည်းဆုံး လူ(5)ယောက်အထက်ဝိုင်းဖွဲ့စားသုံးနိုင်ပါသည်။
Online မှ မှာချင်ရင်တော့ အောက်ကLink နဲ့ ပုံရဲ့ Shop Now ကိုကလစ်လုပ်ပုံကြည့် တိုက်ရိုက်မှာလို့ရသလို Messenger တို့ဖန်းတို့နဲ့လည်းမှာလို့ရပါတယ်
ဂျပန်စားသောက်ကုန်မျိုးစုံကို ရန်ကုန်မြို့တွင်း 10 ကီလိုထိ 2500 ကျပ် နယ်ဆိုကားဂိတ်ကနေပို့ပေးပါတယ်
ကားဂိတ်မှာပို့ခကျသင့်ငွေကို ကို့ယ့်ဘာသာပေးရွေးယူယုံပါပဲ
ဖုံးဆက်မှာယူလို့လည်းရပါတယ် ဆိုင်မှာလာဝယ်လို့လည်းရပါတယ်
Yuri (Japanese Healthy Life )
အမှတ် 984 -987 မြောက်ဒဂုံ ဆရာစံလမ်းမပေါ်
(ပင်လုံစီတီမတ်နှင့် ပင်လုံဆေးရုံ အနီး )
ပင်လုံအိမ်ရာမျက်နှာချင်းဆိုင် ဆရာစံလမ်းမပေါ်
31 ရပ်ကွက်
ဖုံး 09-263-222-490 , 09-9861-66-999
09-4444-55849
တနင်္ဂနွေလည်းဖွင့်ပါသည် အခါကြီးရက်ကြီးရုံးပိတ်ရက်များပိတ်ပါသည်