Chuga Karaage Mix 1kg ( 057 )*** Discount 30% Off ဂျပန်စတိုင် ကြက်သား အကြော်မှုန့်
ကြက်သား ဝက်သား တစ်ခုခု ကို အရိုးမပါအောင် ဖယ်ထုတ် ပြိး ခရင်းသို့မဟုတ်အချွန် ဖြင့် အသားကို အနည်းငယ်ထိုး ပြီးအလေးဖြင့် အသားကိုဖွဖွ ထုပါ ထို့နောက်လက်နှစ်ဆစ်ခန့် အတုံးများတုံးထားပါ Dashi မှုန့်အနည်းငယ်ဖြင့် နယ် ပြီးခဏထားပါ
အထုပ်ပါအမှုန့်ကို အသားအနေအထားအသုံးပြုရန် အလိုရှိသလောက် ဇလုံတစ်ခုထဲထည့်၍ ရေဖြင့် ပြစ်ပြစ်လေးဖျော်ပါ လက်ညှိုးကိုနှစ်ကြည့်၍လက်ညှိုးတွင် ကပ်နေသော မုန့်နှစ်အနေအထားကို ကြည့်ပါ မပြစ်မကျဲ လေး ဖြစ်လျှင်ရပါပြိ အသား ကို နှစ်ပြီး အရသာပါပြီးဖြစ်၍ တစ်ခြား ထပ်ထည့် ရန်မလိုတော့ပါ
ဆီပူပူတွင် ဘူးသီးကြော်သကဲ့သို့ တစ်ကြိမ်ကို ၂မိနစ်ခန့်ကြော်ပါ တကြိမ်ကို ဘေးသားတင်းအောင် ကြော်ပြီး ပြန်ဆယ်ထားပါ ဘေးသားအေးသွားအောင် ခဏစောင့်ပြီး ဒုတိယတကြိမ်ထပ်ကျော်ပါ ,ပထမအကြိမ်ရဲ့ အပူရှိန်က အထဲကိုဝင်ပီးကြက်သွားချိန် ဒုတိယကြော်တဲ့ အပူချိန်က အပြင်သားကို ကြွတ်အောင်ကြော်ပေးပါလိမ့်မယ် ....
ကြိုက်နှစ်သက်ရာ Sauce တစ်မျိုးမျိုးသို့မဟုတ် သံပုရာသိးလေးညှစ်ပြီးလည်းစား၍ရပါသည်
ထမင်းပူပူလေး နှင့်အသီးအရွက်ပြုတ် ကြက်ကြော်တို့ နှင့်တွဲစားပါက ဆီမပါ ပဲ အဟာရပြ့ည့် ကျန်းမာ ရေးနှင့်ညီညွတ်သည့် ထမင်းဝိုင်း တစ်ခုကို ဖြစ်စေပါမည် .
သားသားမီးမီးတို့အလွန်ကြိုက်နှစ်သက်ပါသည် Wakame Japan ရေညှိဟင်းချို လေးဖြင့် အလွန်လိုက်ဖက်ပါသည်
Wakame Japan ရေညှိဟင်းချိုတို့ဖြင့်အလွန်လိုက်ဖက်ပါသည်
သားသားမိးမိီးတို့ကို မြန်မာ ပုံစံ ဆီပြန် ထမင်းချည်းပဲ နေတိုင်းကျွေးနေတာထက်ဒါမျိုးလေးတွေတစ်ခါတစ်ခါ လုပ်ကျွေးသင့်ပါတယ် မိသားစုထမင်းဝိုင်းလည်းအပြောင်းအလည်းဖြစ်တာပေါ့