SHOYU  (ICHIBIKI SHOYU 800ml) ဂျန်ပန် နိုင်ငံ မှနာမည်ကျော် ပဲပိစပ် Sauce ငံပြာရည်)

SHOYU (ICHIBIKI SHOYU 800ml) ဂျန်ပန် နိုင်ငံ မှနာမည်ကျော် ပဲပိစပ် Sauce ငံပြာရည်)

Ready Food

  • K-7,200


ဂျပန် Shoyu ပဲပိစပ် ရည်သည် အရသာအထူးကောင်းမွန်ပြီး အဟာရ တန်ဖိုး လွန်စွာမြင့်မား ပါသည် ဈေးနှုန့်ကို လဲ အထူးလျှော့ထားပါသည်
(ဂျပန်နိုင်ငံမှတိုက်ရိုက်တင်သွင်းပြိး ဂျပန ်ပြည်တွင်းသုံးဖြစ်ပါသည် စင်္ကာပူထိုင်းမှ ထုတ်သော ဂျပန်တံဆိပ်ငံပြာရည်မဟုတ်ပါ )
ငံပြာရည် တစ်ဆ ရေ ၃ ဆ သိကြား စတိးဇွန်းတစ်ဇွန်း ထည့်၍ လဲ အသားများတွင် ဆမ်းစား သည့် Sauce လုပ် ၍လဲရပါသည်
အသီးအရွက်သုတ်များတွင် နှမ်းဆီအနည်းငယ်ဖြင့် ရော၍ ဆမ်းပါက အရသာကောင်း မွန်ပါသည် မည်သည့်ဟင်းလျာတိုင်းတွင် မဆို ပဲငံပြာရည် ကဲ့သို့အသုံးပြု၍ရပါသည်
 ဂျုံ နု နှင့်  ပဲပိစပ် တို့ကို အပူချိန်ထိမ်းချုပ် စက်များဖြင့် ပါင်းခံပြီး ဆားနှင့်နယ်၍ ၆လ ခန့် အပူချိန် အတိအကျဖြင့် ပေါင်း ခံ ထုတ်လုပ် ထားပါသည် ဂျပန်ငံပြာရည်နာမည်ကျော်ရခြင်းမှာအရသာ တစ်ခုတည်းအတွက် မဟုတ်ပဲ လူခန္ဒာကိုယ် အတွက် လိုအပ်သော အဟာရများ ပါဝင်ရန် အထူး ထုတ်လုပ်ထားခြင်းကြောင့်ဖြစ်ပါသည် ။
ဂျပန်များအစာစားနည်းမှာ အရသာရှိရန် တစ်ခုတည်း အတွက်မဟုတ်ပဲ အဟာရဖြစ်စေရန် ကျန်းမာရေး အထောက်အပံံဖြစ်စေရန် ကိုအဓိက ထားစဉ်းစားပြိးမှ ထုတ်လုပ်  ပါသည်
ဂျပန်ငံပြာရည်ကို အသားဟင်းအချိုချက်တို့တွင် အရသာနှင့်အဟာရအတွက် အသုံးပြု၍ လဲရပါသည်
အကစားသမားလူငယ်များ နှင့် သာာမန် တို့အတွက် မနက်စာ ကို အဟာရအတွက် ထမင်းပူပူ ပေါ်တွင် ကြက်ဥ စိမ်း တစ်လုံးဖေါက်ထည့် ဂျပန်ဆော့စ်ငံပြာရည် အနည်းငယ်ဆမ်း ပြီး စားသုံးကြပါသည်
ဂျပန်တို့ဖူး ကိုပြုတ်၍ ဂျပန်Sauce ငံပြာရည်ဆမ်း Katsuo bushi (ငါးအသားလွှာမှုန့် အနည်းငယ် တင်၍ အဟာရ ဟင်းလျာ တစ်မျိုးအဖြစ်လဲ သုံးဆောင်ကြပါသည်)
ကိုယ် အလေးချိန် လျှော့လို သူမူျား အဆီ ပိုလျှော့လို သူများ သည် ဂျပန်အစားအစာများကို တစ်လ ခန့် စားသုံး ပါက သိသိသာသာ ကျန်းမာရေးမထိခိုက် ပဲ ပျိုဖြစ် နုပျို သွယ်လျ ပေါ့ပါးသည့် ခန္ဒာကိုယ် အလှကို ရရှိနိုင်ပါသည်
Japan စတိုင် ကျန်းမာရေးနှင့် ပြည့်စုံသော အဟာရ ဝက်သားဟင်းချက်နည်း
ဝက်သား တုံးများကို အဆီထွက်ရန် ရေပူဖြင့်ဆေးပါ DASHI အနည်းငယ် နှင့် နယ်ပြီး၅မိနစ်ခန့်ထားပါ  ရေသန့်ဖြင့် တစ်ရေ နူးအောင်ပြုတ်ပါ  ထို့နောက် အေးအောင်ထား၍  အေးလာလျှင် ရေခဲသေတ္တာထဲ ၁၀ နာရီ ခန့် အဖုံးအုပ်ထည့်တားပါ မနက်တွင် အဆီခဲများ ဖြစ်နေသည်ကို မြင်ရပါမည်
လည်းကောင်းအဆီများကို ဖယ်ပြီး ပြုတ်ရေသန့်သန့်ကို ယူပါ အသားနှင့်ပြုတ်ရည်သန့်ထဲသို့ဂျပန်မုန်လာဥ ဖြူ အကြီးမျိုး ကို အတုံးကြီးတုံး ထည့်ပါ မုန်လာဥနီ လက်တစ်ဆစ်ခန့်အတုံးငယ် ခြမ်းထည့်ပါ သိကြား စတီးဇွန်း တစ်ဇွန်း ဂျပန် Shouyu  စတီးဇွန်း ၃ ဇွန်း ဝိုင်ဖြူ ၂ဇွန်း သို့မဟုတ် ဟင်းချက် သိကြားအရက် (Mirin)စတီးဇွန်း တစ်ဇွန်းခွဲခန့်  နှင့်် ဂျင်းတတ် ကြီး တစ်ဝက် ခန့်ကို အခွန်နွှာ ပြီး ပါးပါးလှီး ထည့်ပြီး မုန်လာဥများနူးလာအောင် ရေခန်းခါနီးထိ မီးနွေးနွေးနှင့် အသား နှင့် အတူ ရောပြုတ် ထားပြီး နူးလာလျှင်သုံးဆောင်၍ရပါပြီ အလွန်နူးညံံပြီး အဆီ မတတ်သော ဝက်သားဟင်းလျာဖြစ်စေပါသည်
 ကြက်သွန်ဖြူ ကို ထောင်း  ငရုတ်သီးအကျတ်မှု့န် ဆား တို့နှင့် ရောနယ် အနည်းငယ် ထပ်ထောင်းပြီး ဆီအနည်းငယ်ဆမ်း၍ အသီးအရွက် အတို့အမြုတ်တို့နှင့် တွဲဖက်စားပါက ဂျပန်စတိုင် ဝက်သားနှင့် မြန်မာ အရသာတို့ကို တွဲ ဖက်စားသုံးပါက အလွန် လိုက်ဖက်ကြေင်းတွေ့ရပါမည်
နေ့စဉ် စားသောက်နေထိုင်နည်းကို ပြောင်းလဲ လိုက်ပါ ၆ လလောက် အတွင်းအစာ အထွေအထူးလျှော့ စရာမလို ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းမလုပ်ရပဲ ကျန်းမာရေးနှင့်ညီညွတ်ပြီး ကျစ်လစ် လှပသော ခန္ဒာကိုယ်ကိုရရှီစေပါမည်

We Also Recommend