Fish Cake Fish Chicken Ball 500g ( ကြက် ၊ ငါးအသားလုံး ) ( 369 )*** Discount 10%
ငါးနှင့်ကြက်သားကို အချိုးညီစွာ ပေါင်းစပ် ၍ အရသာ များစပ်ပြီးထုတ်လုပ်ထားသော ငါး ကြက်သား ခအသားလုံးများဖြစ်ပါသည် ငဆုတ် ဟင်းကဲ့သိုချက်စား၍လည်းရပါသည်
ချက်နည်း နမူနာ
- အသားလုံးများကို မချက်ခင် ၂နာရီခန့်ကြိုတင်၍ ရေခဲသေတ္တာ ထဲမှထုတ်ထားပါ
- ဂေါ်ဖီ အဖတ်ဖတ် လှီးပါ ပန်းငရုတ်ပွ အနီ အစိမ်းအဝါ တို့ကို အစေ့ထုတ်ပြီး လက်တစ်ဆစ်ခွဲခန့် လှီးထားပါ ာ မုန်လာဥနီ ကြက်သွန် နီ တို့ကို လက် နှစ်ဆစ် ခန့် အဖတ်ဖတ်များဖြစ်အောင် လှီးထားပါ ကြက်သွန်ဖြူဓါးပြားဖြင့်ဖိထားပါ ဂျင်းအနီးငယ်ခြစ်ထားပါ
- ခရမ်းချဥ်သီးအနည်းငယ်
- ပဲငံပြာရည် အပြစ် အချို သို့မဟုတ် ဂျပန် ( Shoyu) ဟင်းချက် Soy Sauce ) နှင့် သိကြားအနည်း ငယ် စသည် တို့ကို ခွက်တစ်ခု ဖြင့် ရောဖျော်ထားပါ
- ကော်ရည်မှုန့် အနည်းငယ်ကိုရေဖြင့်ဖျော်ထားပါ
- နှမ်းဆီမွှေးအနည်းငယ်
- ပထမဦးစွာ ခရမ်းချဥ်သီးများကိုဆီအနည်းငယ် ဖြင့် ကြော်ပါ ငရုတ်သီးမှုန့်အနည်းငယ် ထည့်ပါ အစပ်ကြိုက်လျှင် အစိမ်းတောင့်ကိုထပ်ခြမ်းခြမ်းထပ် ထည့်၍လည်းရပါသည် အသားလုံးများထည့်ပါ အသားများရဲလာပါက ပဲငံပြာရည်ဖျော်ထားသည်တို့ကိုထည့် ဆီသတ်ပါ အသားများကြတ်လျှင် ငရုတ်ပွ မုန်လာဥနီ ကြက်သွန် နီ တို့ကိုပါထည့်ပြီးကြော်ပါ မီးပြင်း ဖြင့် 4 မိနစ်ခန့်သာကြော်ပါ မီးလျှော့ပြီး ကော်ရည်မှုန့် ရေဖျော်ထားသည်ကို အနည်းငယ်လောင်းထည့်ပြီး နှံ့အောင်မွှေပါ
- နှမ်းဆီ အနည်းငယ် ဆမ်းပါ ပန်းကန်တွင် ထည့်၍ နံနံပင် အနည်းငယ် နှမ်း အနည်းငယ်း ဖြူး စားသုံးနိုင်ပါပြီ
ငဆုတ်ဟင်းကဲ့သို့လည်းချက်၍ရပါသည်