Fish Cake A Square 1kg ( ငါးအသားပြား ) ( 361 )*** Discount 10% ပြုတ်စားစား ကြော်စားစား ပါးပါးလှီးပြီးအသီးအရွက်ကြော်များတွင်ထည့်ထည့်အလွန်ကောင်းမွန်သည်
ပြုတ်စားစား ကြော်စားစား ပါးပါးလှီးပြီးအသီးအရွက်ကြော်များတွင်ထည့်ထည့်အလွန်ကောင်းမွန်သည်
FISH CAKE ငါးအသားပြားကြော်ပြုလုပ်နည်း
ပါဝင်ပစ္စည်း
Fish Cake ငါးအသားပြား (280g), မြန်မာကြက်သွန်နီ (၁လုံး), ငရုတ်သီးစိမ်းအရှည်တောင့် (၁တောင့်),
ပဲငံပြာရည်အကြည် (Soy Sauce) 4T, ကြိတ်ထားသောကြက်သွန်ဖြူ 1/2T, သကြား 1/2T,
ဟင်းချက်ဆီ 2T, နှမ်းဆီ အနည်းငယ်, ရေ (50ml)
T=စားပွဲတင်ဇွန်း
ချက်ပြုတ်နည်း
- ပထမဦးစွာ ငါးအသားပြားကို အနေတော် လှီးထားပါ
- ကြက်သွန်နီလှီးပြီး ငရုတ်သီးစိမ်းအစပ်တောင့်ကို အချွန်လှီးပါ
(အစပ်မကြိုက်သူများငရုတ်သီးမထည့်ရန်)
- ဒယ်အိုးတွင် ဆီ 2T ထည့်၍ လှီးထားသော ကြက်သွန်ဖြူ 1/2T ထည့်ပြီး မီးပျော့ပျော့ဖြင့် ကြော်ပါ
ပြီးနောက် အသင့်ပြင်ထားသော ငါးအသားပြားအား ထည့်၍ ကြော်ပါ
- ငါးအသားပြား ကို အရင်ထည့်ကြော်ပြီးနောက်ပြင်ဆင်ထားသည့် ရေ 50ml ,
ပဲငံပြာရည်အကြည် (Soy Sauce) 4T, သကြား 1/2T တို့ကိုထည့်ပြီး ကြော်ပါ
- အရည်နည်းလာပါက လှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းကိုထည့်ပြီးကြော်ပါ
- ကြက်သွန်နီ နူပြီးကျက်လာလျှင် မီးပိတ်ပြီး ချက်ချင်း နှမ်းဆီအနည်းငယ်နှင့် နှမ်းအနည်းငယ်ဖြူးပြီး
သမအောင်မွှေ လိုက်ပါ
****** စားမြိန်သော ငါးအသားပြားကြော်အား အသင့်သုံးဆောင်နိုင်ပါပြီ