Chuka Soba ( Ramen noodle ) 058 အသင့်သုံး ဂျပန်ခေါက်ဆွဲ ခြောက်

yurionlineshop

  • K-23,200
    Unit price per 
Tax included. Shipping calculated at checkout.

Only 9897 left!

အလွန်နူးညံ့သော ဂျုံသားဖြင့်ပြုလုပ်ထားသော ခေါက်ဆွဲ ဖြစ်ပါသည် ၅မိနစ်ခန့်ပြုတ်ပြီး မိမိနှစ်သက်ရာ ဟင်းလျာလုပ်စားနိုင်ပါသည် ဂျုံသား ကောင်းမွန်လှသဖြင့် အလွန် ထူးခြားသော အရသာရှိပါသည်

ကျန်းမာရေးနှင့်ညီညွတ်သော မနက်ခင်း အဟာရစားစရအဖြစ် ကြက်သွန် နီ ဖြူ ဆီသတ် TSUYU ဂျပန်ဟင်းချက် SAUCE  အနည်းငယ် ဆမ်းပြီး ဒီအတိုင်းနယ်စားလျှင်လည်း အလွန်အရသာရှိသည့်မနက်ခင်း ဂျပန်ခေါက်ဆွဲသုတ် တစ်ပွဲရရှိစေပါသည်

 

  • ဂျပန် Ramen လုပ်စားလိုသူများ ဝက်အသားနှင့်အရိုးတို့ကို၁၀နာရီကျော်ပေါင်းခံ ထုတ်လုပ်ထားသည့် Tonkotsu Ramen Sauce နှင့် တွဲသုံးပါက သင့်အိမ်တွင်ပင် ဂျပန်Ramen တစ်ပွဲရရှိစေမှာပါ  ( Yuri Online Shop တွင်မှာယူရရှိနိုင်ပါသည်

ဂျပန် ခေါက်ဆွဲများတွင် ထည့်သည့် ဝက်သားပြားလုပ်နည်း 

ဝက်သား ၃ ထပ်သားကို အမြောင်းရှည်ရှည်လှီးပါ 

ရေမြုတ်အောင်ထည့်ပြီး ဘာအရသာမှမထည့်ပဲ အသားကြတ်အောင် မိနစ် 20ခန့် ပြုတ်လိုက်ပြီး

အဆီများထုတ်လိုက်ပါ အသားကြတ်ရင် ရေမသွန်ပဲ ၅နာရီလောက် ရေခဲသေတ္တာ အအေးခန်း အခဲခန်းမဟုတ် ရိုးရိုးအအေးခန်းမှာ ထည့်ပြီး အအေးခံပါ  

အသားများကို ဆယ်ပါ အရည်ကို ဆီခဲများမပါအောင် စစ်ယူထားပါ 

ဂျင်း များများ အကွင်းအကွင်းပါးပါးလှီး တရုတ်နံနံပင်အကြီးတစ်ချောင်း  စပါင်းလင် တစ်ချောင်း ချည်ထည့် နာနတ်ပွင့်  ၅ပွင့် ထည့် ပါ ဖါလာစေ့ ၄စေ့ အနည်းငယ်ထုထည့်ပါ 

 အအေးခံ အဆီခဲဖယ်ထားသော ပြုတ်ရည် ယောက်ချိုဇွန်းအလက် ဖြင့် ၃ခွက်ထည့် 

  1. ဂျပန် Shoyu  ယောက်ချိုဇွန်းအလက် ဖြင့် တစ်ဇွန်းခွဲထည့်ပါ 
  2. သိကြား ညို စတီးဇွန်း 3 ဇွန်း
  3. KONBU DASHI  စတီးဇွန်းတစ်ဇွန်း 
  4. ဟင်းချက်အရက်  ယောက်ချိုဇွန်း အလက် တစ်ဝက်
  5. Mirin ဟင်းချက် သကြားရည်  ယောက်ချိုဇွန်းအလက်တစ်ဝက် 

ထည့်စပ်ပြီး အိုးထဲထည့် အအေးခံထားသော အသားများကိုထည့်ကာ ရေခမ်းအောင်ထိ ထပ်ပြုတ်ပါမည်။ ဘဲဥပြုတ်ကြက်ဥပြုတ်များထည့်ပြုတ်၍လည်းရပါသည်

မတူးပါစေနှင့်ရေခန်းခါနီးတွင်မီးလျှော့ပါ အရည်ခန်းသွားပြီးလျှင် အသားများကိုဆယ် ဆီစိမ်စက္ကူခံပြီး တင်ထားပါ  အပြင်တွင် အအေးခံပြီး နောက် ရေခဲသေတ္တာထဲအခဲခန်းတွင် ဘူးထဲထည့် ထားပါ  မိမိအသုံးပြုမည့်အချိန် မတိုင်မီ ၄နာရီခန့်ကြို၍ အအေးခန်းထဲသို့ပြောင်း ထည့်ထားပါ 

အလိုရှိသလိုပါးပါးလှီး၍ အသီးအရွက် တို့ဖြင့်ရောစားစား ပါးပါးလှီးမြန်မာစတိုင် သခွားသီး ငရုတ်သီးပဲမှုန့်တို့ဖြင့်သုတ်စားစား  ဒီအတိုင်းပဲ စားစား အချဥ်နဲ့ပဲတို့စားစား  Ramenခေါက်ဆွဲပြုတ်နှင့်တွဲစားစားအလွန်အဆင်ပြေပါသည် 

အိုးလွတ်ထဲမှာကြက်သွန်ဥလေး သုံးလေးလုံး ထိုးစိုက်ထား တစ်ပါတ်နှစ်ပါတ်ဆို ကြက်သွန်မြိတ် ခြံထွက်လေး အသင့်ဖြစ်နေပြီ

ဆီချက် အတွက်က ကြက်သွန်ဖြူကို မကြွတ်တကြွတ်လလေးကြော်ထား ဆီကိုယူ ကြက်သွန်ဖြူကိုစစ်ထားပြီးဆီကိုယူပါတယ်

ခေါက်ဆွဲကတော့ ဂျပန်ခေါက်ဆွဲပါ အလွန် အရသာကောင်းမွန်ပါတယ်
အခုချိန်ဝယ် ရင် 20% Discount နဲ့ 250 ဂရမ် မိသားစု ၃ဦး ၄ ဦးစားလို့ရတာကို 2800 ကျပ်ပါ

Sauceကတော့ Tsuyu ဂျပန် ဟင်းချက် Sauce လေးပါ ဂျပန် Shoyu လို့ခေါ်တဲ့ Soy Sauce နဲ့ ဟင်းချက်အရက်ချို တို့ ဟင်းချက်ဝိုင် တို့Dashi Japan ဟင်းခတ်မှုန့် တို့ Konbu ဂျပန်ရေမှော်တို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့အရသာစပ်ထားပြီးသားဟင်းချက် Sauce လေးပါ
ဆီချက်ခေါက်ဆွဲ လုပ်နည်းကလုပ်နည်းကလည်းအလွယ်လေးပါပဲ

ခေါက်ဆွဲကိုပြုတ် တစ်ပွဲစာကို ကြက်သွန်ဆီချက် ဆီလေးနည်းနည်းဆမ်း Tsuyu ဂျပန် ဟင်းချက် Sauce လေး လက်ဖက်စား ဇွန်း ၂ ဇွန်းလောက် ထည့်နယ်
ကြက်သွန် ဖြူ ကြော်လေးကိုခြေပြီးဖြူး လိုက်ရင် ကို အလွန်ကောင်းတဲ့ ဆီချက်ခေါက်ဆွဲ ရိုးရိုးလေးရနေပါပြီ အသင့်သုံးးဂျပန်ရေညှိဟင်းချိုနဲ့ဆို အိုးဘာပြောကောင်းမလည်းရှယ်ပါပဲ

တကယ် ရောင်း တန်း ဆိုင်စား ဆီချက်ခေါက်ဆွဲလုပ်ချင်တယ်ဆိုရင်ဖြင့်

ကြက်သွန်ဖြူကြွတ်ကြွတ်ကြော်ထား ကြက်သွန်ကြော်လိုတယ် အချိန်မရရင် လက်ဖက်စားတဲ့ ထဲပါတဲ့ ကြက်သွန်ကြော်ကို ခြေထား လည်းရပါတယ်

ကြက်အရေခွံ သို့မဟုတ် ဘဲ အရခွံ လေးကိုမကပ်အိုးမှာ မီးနွေးနွေးနဲ့ကြော်ရင် ဆီထွက်လာပါတယ် အရေ ခွံနည်းနေတယ်ထင်ရင် ဝက်ဆီပါးပါးလေးလှီး ၂ပြား ၃ပြား လောက် လေးပါ ချူဆီအနေနဲ့ထည့်ပေါ့ ထွက်လာတဲ့ဆီနဲ့ သုံးပေါ့ ဆီစစ်အိုးမဆေးနဲ့ အဲဒီအိုးထဲမှာ အသားပြုတ် ရင်ပိုကောင်းပါတယ် ..

အသား တစ်မျိုးမျိုးကို ခရင်းနဲ့ အသားထဲ ထိုးဆွ အလေးနဲ့ထု ပြီးရင်
Dashi မှုန့် အနည်းငယ် ဂျင်းကြက်သွန်ဖြူ တို့ကိုခြစ်ပြီး တော့ သို့မဟုတ်ထောင်းပြီး အသား နဲ့နယ်ထား
ဂျပန် Shoyu လို့ခေါ်တဲ့ Soy Sauce နဲ့ ထပ်နယ်ပြီး ရေခဲသေတ္တာထဲ နာရီ ဝက်လောက်ထား ပြီးတော့မှ ပြုတ်ပေါ့ ဂျင်း ကြက်သွန်ဖြူနီငရုတ်ကောင်း တို့ ထည့် ကြက်သွန်မြိတ် အမြစ်တွေထည့် အသားနူးရင် ဆယ် ထား အအေးခံ ပြီး နုတ်နုတ်လေးစဥ်း ဆီချက်ခေါက်ဆွဲပေါ်မှာဖြူးပေါ့
အရည်ကို ဟင်းချို ဟင်းခါးလုပ်ပေ့ါ ဂေါ်ဖီလေး ပဲပင်ပေါက်လေးဖြစ်ဖြစ်ထည့် ပေါ့

ပြီးရင်တော့ခေါက်ဆွဲ မှာ အရေခွံ ကြော်ထားတဲ့ဆီ လေး ဆမ်း Tsuyu ဂျပန် ဟင်းချက် Sauce လေး လက်ဖက်စား ဇွန်း ၂ ဇွန်းလောက် ထည့်နယ်
ကြက်သွန်ကြော်လေးဖြူး ကြက်သွန်မြိတ်နဲ့အသားလေး တွေဖြူး ပြီးရင်စားကြည့်ပါ ဘယ် အရသာမှလိုက်မမှီတဲ့ ဆီချက်ခေါက်ဆွဲ ဆိုတာတွေ့ရမှာပါ
ဒီအရသာမျိုး ဘယ် လိုစပ်စပ် မမှီတာ တွေ့ရမှာပါ

အသားကို အမှုန်လေးတွေမဟုတ်ပဲ အကွင်းလိုက် တင်စားချင်တာဆိုရင်ဖြင့် အသားပြုတ် တဲ့အထိကအတူတူပါပဲ (ဘဲသားကြက်သားဝက်သား ပြုတ်ပါ )အသားအရမ်း မပျော့ မနူးခင်ဆယ် လိုက် ပြီး အသားပြုတ်ကို အေးအောင် ထား ပြိးရင်
မကပ်အိုးမှာ အသားထည့် ရေ ၂ဆ အဲဒီ ထဲမှာ Tsuyu ဂျပန် ဟင်းချက် Sauce တစ်ဆ သိကြား တစ်ဆ ထည့် ဂျင်း ပါးပါးလှီးထည့်ပါ အရည်ခမ်းအောင် ထိ ပြုတ်ပြီး အရည်ခမ်းပြိးပြစ်ပြစ်လေးဖြစ်သွားရင် အသားကို ပါးပါးလှီးစားလို့ရပါပြီ အလွန်အရသာရှိပါတယ် ဘဲသားကြက်သားဝက်သားအကုန်သုံးလို့ရပါတယ်


We Also Recommend