Java Curry (Japan Curry) သတ်သတ်လွတ် ဟင်းအနှစ်ခဲ ပွဲ 50 ဝန်းကျင်စာ
Unicode
Java Curry (Japan Curry) သတ်သတ်လွတ် ဟင်းအနှစ်ခဲ ပွဲ 5ဝ ဝန်းကျင်စာ
အသီးအရွက်များကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ဟင်းခတ်မဆလာတို့ဖြင့် အမှု့န် လုပ် အခြောက်ခံ ထားသော ဂျပန်နာမည်ကျော် Curry ဖြစ်ပါသည်။ သတ်သတ်လွတ်ဖြစ်ပါသည်
အသားထည့်လိုပါက မိမိထည့်လိုသောအသားကို ဆီသတ် ထည့်၍ရပါသည်
Japan Curry ဖြစ်ပါသည် အသားမပါသောကြောင့် မိမိစိတ်တိုင်း ကျ အသား ထည့် ချက်ပြုတ်နိုင်သော Curry အတုံး ဖြစ်ပါသည် သတ်သတ်လွတ်စားလိုပါက အသား မထည့်ပဲ ချက်၍ရပါသည်။
မိသားစု ၄ ဦး ၅ကြိမ်စာချက်၍ရပါသည်။ ဟင်းခတ်မှု့န့် များ ဆား အပါအဝင် အခြား ဘာမှထပ်ထည့်ရန်မလိုပါ အရသာပါပြိးဖြစ် ပါသည် ။
ချက်နည်း**
အာလူး မုန်လာဥနီ မိမိထည့်လိုသော အသားတစ်မျိုးမျိုးကို အတုံးငယ်များတုံး၍ ရေပူဖြင့်ဆေးပြီး ကြက်သွန်နီ ကို ကြာဇံချက်တွင် ထည့်သော ကြက်သွန်ဖတ်များ ကဲ့ သို့ နဲနဲ ကြီးကြီး အဖတ်ဖတ် များဖြစ်အောင် လှီးပြီး ဆီသတ်ပါ ကြက်သွန်အရောင် ပြောင်းလာလျှင် အသား တို့ကိုပါ ထည့်၍ ဆီသတ်ပါ အသားအနည်းငယ်အရောင်ပြောင်းလာလျှင် အာလူးမုန်လာဥနီတို့ကိုပါထည့်ပြီး မွှေပါ
သတ်သတ်လွတ်သာစားလိုပါက ရုံးပတေသီး ခရမ်းသီး တို့ကိုလည်းထည့်သုံးပါက အရသာ တစ်မျိုးထူးခြားသည်ကိုတွေ့ရပါမည်
ရေ ကို အသား အာလူး မုန်လာဥနီတို မြုတ်သည် အထိ ထည့်ပါ မီးးနွေးနွေးဖြင့် အာလူး အသားများနူးသည်အထိထားပါ (မှတ်ချက် အနံမွှေးပြိးအရသာ ပိုမို ဆိမ့်လိုပါက ဟင်းချက်ထောပါတ် အနည်းငယ် ကို ထည့်လိုက်ပါ )
အသားအာလူးများနူးလာလျှင် Curry အတုံး မိသားစု လေးဦးစာ ဆိုအတုံးကို ၄ပုံ၁ပုံ ခန့် ပိုင်း ၁ပုံကို ဟင်းထဲ ထည့်၍ မီးနွေးနွေးဖြင့် မွှေပါ ပျစ်လာသည်အထိ မွှေပေးပါ
အရသာ အပေါ့အလေးကို Curry အနည်းငယ်ထပ်ထည့် ချိန်ညှိပါ တစ်ခြားဘာမှထည့်စရာမလိုပါ
ဟင်းအနှစ်ပျစ်ပျစ် ရပါကထမင်းပူပူပေါ်တွင် ဆမ်းစားပါက အလွန်အရသာရှီပြိး အဟာရပြည့် ဝသော ဟင်းလျာတစ်ပွဲ ရရှိစေပါသည်။
ကလေးငယ်များအလွန်ကြိုက်နှစ်သက်ပါသည်
Zawgyi
ချက်နည်း**