Japanese Curry Stew ShiShu Cream 190g(148)*** Buy One get Oneシチュー屋シチュー <クリーム>
အထုပ်ကို ရေပူမှာ ၃မိနစ်ခန့်ပြုတ်ပြီး ထမင်းပူပူဘေးမှာဆမ်းပါ သို့မဟုတ် ပန်းကန်ထဲထည့် ပေါင်မုန့် ကျွတ်နဲ့တို့စားလည်းရပါတယ် အဟာရတန်ဖိုးများစွာပါဝင်ပြိးဖြစ်လို့ သားသားမီးမီးတို့အတွက် အလွန်သင့်တော်ပါတယ် ပေါင် မှုန့် လေးနဲ့တို့စားလို့လည်းအရသာ ရှိပါတယ်
နေလည်စာ ညစာတို့အဖြစ်သုံးဆောင်၍ရသလို မနက်ခင်း Breakfast အဖြစ်လည်းသုံးဆောင်၍ရပါသည်
သားသားမိးမိီးတို့ကို မြန်မာ ပုံစံ ဆီပြန် ထမင်းချည်းပဲ နေတိုင်းကျွေးနေတာထက်ဒါမျိုးလေးတွေတစ်ခါတစ်ခါ လုပ်ကျွေးသင့်ပါတယ်
အပြောင်းအလည်းဖြစ်ပြိးကျန်းမာရေး နဲလည်းညီညွတ်စေမှာပါ
ဖိုးဖိုးဖွားဖွားတို့အတွက်လည်းအဟာရဖြစ်စေပြိးကျန်းမာရေးနဲ့လည်းညီညွတ်စေပါတယ်
ပွားပြီးစားချင်တယ်ဆိုရင်ဖြင့် နွားနို့ 5ကျပ်သား
ကြက်သား အရိုးမပါ အတုံးအနည်းငယ် သို့မဟုတ် ပင်လယ်စာ တစ်ခုခုအနည်းငယ် ကြက်သွန်နီများကို အဖတ်အဖတ် ကြီးကြီးလေးလှီး ကြက်သွန်ဖြူ ဓါးပြားရိုက် ပန်းပွင့်စိမ်း အနေတော်ဖဲ့ထား အာလူး မုန်လာဥနီ အနေတော်တုံး ပြီးရေဆေး ရေစစ်ထားပါ
ပထမဦးစွာအသားကို ဆီအနည်းငယ် ကြက်သွန်တို့ဖြင့်ဆီသတ် ဆီမများပါစေနှင့် အသားနီလာလျှင် အာလူး မုန်လာဥနီထည့် ဆီအနည်းငယ်ဖြင့်လှီမ့်ပါ ပြီးလျှင် အသားနူးယုံ မှန်း၍ ရေထည့်ပါ အသားနူးရေခမ်းခါနီးလျှင် ပန်းပွင့်စိမ်း ထည့် ပါ ပြီးလျှင် နွားနို့ထည့် မွှေပါ ခဏတည်ထားပါ နွားနို့ကျတ်လျှင်Curry Stew ကိုအထုပ်ဖေါက်ထည့် မီးနွေးနွေးဖြင့်ကြိုပါ တထုပ်ကိုမိသားစုများစွာစား၍ရပါသည်
အရောများရင်တော့အရသာပေါ့သွားစေမှာ မို့ အနည်းငယ်သာရောထည့်ပါရန်
ပေါင်မု့န် မီးကင် နဲ့တို့စားစား ဒီအတိုင်းတို့စားစား ထမင်းပူပူနဲ့စားစား အလွန်ကောင်းပြီးအဟာရအပြည့်ဝရစေမှာပါ သားသားမီးမီးတို့ကို တမျိုးစီလုပ်ကျွေးသင့်ပါတယ်
-------------------
အိမ်မှာဆောင်ထားရင် လိုသည့်အချိန် ချက်ချင်းအဟာရဖြစ် အရသာရှိတဲ့ ဟင်းတခွက်ရရှီစေမှာပါ