Daisho Hakata Tonkotsu Ramen 188g (072) ဂျပန် ခေါက်ဆွဲ ၂ ပွဲစာ ၂ ထုပ်ပါဝင်ပါသဖြင့် တထုပ် 2100 ကျပ် သာကျသင့်ပါသည်
အရသာရှိတဲ့ ဂျပန် ခေါက်ဆွဲပြုတ် (Ramen) တွေရပါပြီ ၃မိနစ် ပြုတ် ယုံနဲ့ ဂျပန်ပြည်တွင်း Ramen ဆိုင်မှာစားရသလို အရသာထူးတဲ့ ဂျပန် ခေါက် ဆွဲ တွေပါ
တစ် ပွဲ တစ် ယောက်စာ အထုပ်များနဲ့ ၂ ပွဲ စာ ၂ ထုပ် ပါတဲ့ ၂ယောက်စာ အထုပ်များ ၅ ပွဲပါ ၅ထုပ် ၅ ယောက်စာ များ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်
ငရုတ်သီး အစပ် ကြိုက် ရင် ဆီသတ်စဥ် ငရုတ်သီး အစိမ်းမှု့န်ထည့် အစပ် အရသာ ပေါ် အောင် ထည့်တာပါ ငရုတ်သီးအစိမ်းသုံးချင်ရင် အသီးအရွက် ပြုတ်ရည်စပြုတ်ကတဲက ထည့်ပြုတ် ပါ
အရည် ပျစ်ပျစ်လေးလိုချင်ရင် ကြက်ဥတစ်လုံး ဖေါက် ထည့်မွှေပေးပါက အလွန်အရသားထူးကဲစေပါတယ်
ငရုတ်ကောင်းလေးဖြူး ကြက်သွန်ဖြူလေးကို အပေါ်က ခြစ်ထည့်ပြီး စားရင် အလွန်အရသာ ထူးကဲလှပါတယ်
သားသားမိးမိီးတို့ကို မြန်မာ ပုံစံ ဆီပြန် ထမင်းချည်းပဲ နေတိုင်းကျွေးနေတာထက်ဒါမျိုးလေးတွေတစ်ခါတစ်ခါ လုပ်ကျွေးသင့်ပါတယ် မိသားစုထမင်းဝိုင်းလည်းအပြောင်းအလည်းဖြစ်တာပေါ့
ဂျပန် ခေါက်ဆွဲများတွင် ထည့်သည့် ဝက်သားပြားလုပ်နည်း
ဝက်သား ၃ ထပ်သားကို အမြောင်းရှည်ရှည်လှီးပါ
ရေမြုတ်အောင်ထည့်ပြီး ဘာအရသာမှမထည့်ပဲ အသားကြတ်အောင် မိနစ် 20ခန့် ပြုတ်လိုက်ပြီး
အဆီများထုတ်လိုက်ပါ အသားကြတ်ရင် ရေမသွန်ပဲ ၅နာရီလောက် ရေခဲသေတ္တာ အအေးခန်း အခဲခန်းမဟုတ်မှာ ထည့်ပြီး အအေးခံပါ
အသားများကို ဆယ်ပါ အရည်ကို ဆီခဲများမပါအောင် စစ်ယူပါ
ဂျင်း များများ အကွင်းအကွင်းပါးပါးလှီး တရုတ်နံနံပင်အကြီးတစ်ချောင်း စပါင်းလင် တစ်ချောင်း ချည်ထည့် နာနတ်ပွင့် ၅ပွင့် ထည့် ပါ ဖါလာစေ့ ၄စေ့ အနည်းငယ်ထုထည့်ပါ
ပထမ အအေးခံ အဆီခဲဖယ်ထားသော ပြုတ်ရည် တစ်လီတာ ထည့် ဂျပန်Shoyu ယောက်ချိုဇွန်းအလက် ဖြင့် တစ်ဇွန်းခွဲထည့်ပါ သိကြား ညို စတီးဇွန်း ၂ ဇွန်း KONBU DASHI စတီးဇွန်းတစ်ဇွန်း ဟင်းချက်အရက် ယောက်ချိုဇွန်း အလက် တစ်ဝက် Mirin ဟင်းချက် သကြားရည် ယောက်ချိုဇွန်းအလက်တစ်ဝက်ထည့်ထားစပ်ပြီး အအေးခံထားသော အသားများကို ရေခမ်းအောင်ထိထပ်ပြုတ်ပါမည်။ အရေခန်းသွားပြီးလျှင် အသားများကိုဆယ် ဆီစိမ်စက္ကူခံပြီး အအေးခံပြီး ရေခဲသေတ္တာထဲအခဲခမ်းတွင်ထားပါ မိမိအသုံးပြုမည့်အချိန် မတိုင်မီ ၄နာရီခန့်ကြို၍အအေးခန်းထဲသို့ပြောင်း ထည့်ထားပါ
အလိုရှိသလိုပါးပါးလှီး ဒီအတိုင်းပဲ စားစား Ramenခေါက်ဆွဲပြုတ်နှင့်တွဲစားစားအလွန်အဆင်ပြေပါသည်