Shoyu (Shoda Shoyu) 1L Japan Soy Sauce (258)

yurionlineshop

  • K-18,000
    Unit price per 
Tax included. Shipping calculated at checkout.

Only 27 left!


ပဲပိစပ်နှင့် ပဲဖြူလေး များကို 9 လကျော် ပေါင်းဖိုများဖြင့်  ပေါင်းခံ ပြီး ထုတ်လုပ်ထားပါသည် ။
ဂျပန်နာမည်ကျော် မိဆော ပဲအနှစ်ကဲ့သို့ ထုတ်လုပ်ပုံသဏ္ဍန်တူပါသည် အချိန်ယူစနစ်တကျ ပေါင်းခံ ထုတ်လုပ်ထားပါသဖြင့် အဟာရတန်ဖိုးမြင့်မားစွာပါဝင်ပါသည် ။


 ဂျပန် Shoyu နာမည်ကျော်ရခြင်းမှာ စနစ်တကျအချိန်ယူ ထုတ်လုပ်ပြီး ဂျပန်စားသောက်ကုန် ထုတ်လုပ်မှု့နည်းပညာ နှင့် စံနှုန်း အတိုင်း  နံပါတ် ၁ အန္တရယ်ကင်းဖို့  နံပါတ်၂ အဟာရဖြစ်ဖို့ နံပါတ် ၃ အရသာရှိဖို့ ဟု အဆင့်ဆင့် စီစစ် တွက်ချက် ထုတ်လုပ်ထားသဖြင့် နာမည်ကျော် ရခြင်းဖြစ်ပါသည် ။
Shoyu တွင် အာရုံစူးစိုက်မှု့ကိုအားပေး နိုင် သော စွမ်းရည် သတ္တိအထူးပါဝင်သည်ဟု ဂျပန် လူမျိုး များ က အသိအမှတ်ပြုထားကြပါသည် ။
Soy Sauce အဖြစ် စတင်ထုတ်လုပ်သည်မှာ တရုတ်နိုင်ငံ မှဖြစ်သော်လည်း နည်းပညာ စနစ် ကျမှု့ နှင့် အရည် အသွေးသာလွန်သော ကြောင့် ဂျပန် မှ ထုတ်လုပ်သော Soy Sauce မှာ Soy Sauce အမည်ပျောက်ပြီး  ဂျပန် အမည်  Shoyu ဟု ကမ္ဘာနာမည်ကျော်ဖြစ်ခဲ့ပါသည်။
Shoyu သည် သတ္တုဓါတ်များ ပေါကြွယ် ဝစွာ ပါဝင်ပါသည် အစာခြေ  မှု့အတွက် အထူး အထောက် အကူ ပြုပါသည် shoyu နှင့် ချက် သော အစားအစာများ စားပြီးရင်ပြည့် ရင်ကယ် ဖြစ် ခြင်း မဖြစ် သည်ကို လည်း သတိထားမိကြပါမည်။
Shoyu သည် ဆားအစားထိုး အတွက် အထူး သင့်လျော် ပြီးအစွမ်းထက် အစားထိုး စားသောက် ကုန်ဖြစ်ပါသည်။
shoyu တွင် ပြင်းအား ကိုမူတည်၍ ဈေး နှုန်းကွာပါသည် ။
Shoda Shoyu သည် ြပ်င်းအား 4 ဆ ဖြစ်ပါသည် Shoyu တစ်ဆ  ရေ 4 ဆနှင့်  သိကြား တစ် ဆ mirin သိကြားအရည်အနည်းငယ် Dashi မှု့န် ၁ ဆ ဂျင်းပါးပါးအပြားလှီးထည့်  ရော၍ တစ် ပွက် ဆူခန့်ကြိုပါ  ဟင်းလျာတိုင်းတ ွင် Sauce အဖြစ် ဆမ်း၍ရပါသည်
အသားငါးများ ကို ဆီမပါပဲ ရေဖြင့် ပြုတ်ပါ ရေခမ်းအသားနူး ချိန် တ ွင် မီးနွေးဖြင့် shoyu sauce ကို ဆမ်းပါ က အသားငါးများအလွန်အရသာရှိသော ဟင်းလျာတစ်ခွက်ဖြစ်စေပါသည် က လေးငယ်များ အတွက် အရသာရှိသောဆီလွန်ကဲခြင်းမရှိသော ဆန်းသစ်သော ဟင်းလျာ များ ရရှိစပေါသည်
မည်သည့်ဟင်းလျာတိုင်းတွင်မဆို အရသာ အတွက် အသုံးပြုကြပါသည်
အသားဟင်းငါးဟင်းများတွင် အလွန်လိုက်ဖက်ပါသည် သွေးတိုးသမားများ ဆားအစား အသုံးပြု သင့်ပါသည် 
မြန်မာဟင်းလျာ အသားငါးများချက်ရာ တွင် ဆားအစားအသုံးပြုနိုင်သကဲ့သို့အရသာ အတွက်လည်း အသုံးပြုနိုင်ပါသည်



We Also Recommend