Ichibiki KatsuoTsuyu 1L Japanese Soy Sauce စွယ်စုံသုံးဟင်းချက်ဆောစ့် (298)

yurionlineshop

  • K-16,000
    Unit price per 
Tax included. Shipping calculated at checkout.

Only 968 left!

**အဖုံးဖွင့်ပြီးလျှင်အေးသောနေရာတွင်ထားပါ

ဂျပန်နိုင်ငံထုတ် နာမည်ကျော် ဟင်းချက် Sauce ဖြစ်ပါသည်

Tsuyuu (ဆွတ်ယု) သည်မည်သည့်ဟင်းလျာတိုင်းတွင်မဆို ထည့်သွင်း အသုံးပြုနိုင်ပါသည်

အသားတစ်မျိုးမျိုး ကို ခရင်းဖြင့် ထိုးဆွ Dashi ဖြင့်နယ် ကြက်သွန်ဖြူနီ ဂျင်း တို့ဖြင့် ရေခမ်းခါနီးထိပြုတ်ပါ အသားနူး၍ ချိန် တွင် သိကြားအနည်းငယ် နှင့် Tsuyu ကိုထည့်၍ ရေခမ်းခါနီး ဖြစ်သည်အထိပြုတ်ပါက ကျန်းမာရေးနှင့်ညီညွတ်ပြီး အလွန်အရသာရှိပြီး အသားရိုစ် များကိုရရှိစေပါသည်.....
အသီးအရွက်များပါလိုပါက အာလူးမုန်လာဥနီတို့ကိုလည်း အသားနှင့်အတူ အတုံးကြီးကြီးလှီးထည့်ပြုတ်၍ရပါသည် နူးလွယ်သော ပန်းပွင့်စိမ်း တို့ကို လည်း ရေခမ်းခါနီး Tsuyu ထည့်ချိန်တွင်ထည့်ပြုတ်၍လည်းရပါသည် .....

အသားပေါင်းများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည် ဂျင်း နှင့်အလွန်လိုက်ဖက်ပါသည်

အသားဆမ်းဆေ့ာအဖြစ်လည်းပြုလုပ်၍ရပါသည် အသီးအရွက်ပြုတ် အသားပြုတ် များနှင့်တို့စားရာတွင် မြိတ်ချဥ်ကဲ့သို့လည်း ပန်းသိးလျှာလကာရည် အနည်းငယ် ငရုတ်သီးတို့ဖြင့်စပ်၍လည်း လုပ်၍ရပါသည် .....
Tsuyu (ဆုယုသည်) ဂျပန်နိုင်ငံထုတ် ပဲဖြူလေးကို ၉လကျော်ပေါင်းခံထားသော Shoyu (ဂျပန်ပဲငံပြာရည်)ဟင်းချက်အရက် ချို များ Dashi မှုန့်များ စသည်တို့ဖြင့် အရသာများရော စပ် ထားသော မီးဖိုချောင် သုံး နာမည်ကျော် ဟင်းချက်Sauce ဖြစ်ပါသည်....
Food Safety System Certification (FSSC) 22000 လက်မှတ် စံချိန် စံညွှန်းဖြင့် ထုတ်လုပ်ထား ပြီးမြန်မာနိုင်ငံ အသိအမှတ်ပြု FDA ထောက်ခံချက်ရရှိထားပြီးဖြစ်သဖြင့် အန္တရယ်ကင်းဘေး ရှင်း စွာ ဖြင့် စိတ်ချ ယုံကြည့်စွာသုံးစွဲနိုင်ပါသည် ။
မြန်မာနိုင်ငံ အတွက် Myanma Bright Wing မှ မူပိုင် ယူ ၍ တင်သွင်းပါသည် ။
Tsuyu ဟင်းချက် Sauce မည်သည့်ဟင်းလျာတိုင်းတွင်မဆို အရသာ ပိုမိုကောင်းမွန်စေရန် အတွက် ပဲငံပြာရည်အချို တို့ကဲ့သိ့ အသုံးပြုနိုင် ပါ သည် ။

အသုံးပြုနည်း
၁.ခေါက်ဆွဲကြော် ကြေးအိုးတို့တွင် လည်း ဆား အချိုမှု့န်သုံးစရာ မလိုပဲ ဆန်းသစ် ကောင်းမွန် သည့် အရသာ ကိုရရှိစပါမည် အသုတ် တွင်လည်း အလွန် လိုက်ဖက်ပါသည်။
၂.ခေါက်ဆွဲ သို့မဟုတ် ညှပ်ခေါက်ဆွဲမုန့်ဖတ်ကို ကြက်သွန်ဆီသတ်လေးအနည်းငယ်ဆမ်း ဆွတ်ရူး Tsuyu လက်ဖက် စားဇွန်းတစ်ဇွန်းခန့်ဆမ်း ပြီး နယ်စား ကြည့်ယုံဖြင့် ဆား အပါအဝင် တစ်ခြား ဘာမှထပ်ထည့်စရာမလိုပဲ ဆီချက်ခေါက်ဆွဲ တပွဲအလွယ်ရ စေမှာပါ
ကြက်သွန်မိတ် ပါးပါးလှီးကြက်သွန်ကြော် လေး ခြေ ထည့်စား ရင် အသားငါးများကိုအောက်ကချက်နည်းအတိုင်းချက်ထား သလို လေးချက် ပါးပါးလှီးတင်ရင် ဆိုင်မှာ စားတဲ့အသားဆီချက်တွေထက်များစွာကောင်းပြီး ကျန်းမာရေးနှင့်ပြည့်စုံးကောင်းမွန်သည့်အရသာ ပြည့်စုံလှသည် ကို ကိုယ်တိုင်သိရှိခံစားရမည်ဖြစ်ပါသည် ။
ပါဝင်ပစ္စည်းများမှာ ပဲဖြူလေး မှထုတ်လုပ်သည့် JAPAN SHOYU (Japan ပဲငံပြာရည်) ၊ Dashi ထုတ်သည့်ငါး ဂျပန် အခေါ် KATSUO ငါး (Bonito Fish) ၊ Konbu Dashi ထုတ် လုပ် သည့် Konbu (Kelp) ပင်လယ်ရေမှော် ၊ ဟင်းချက်သိကြား အချိုရည် Mirin ၊ ဟင်းချက် အရက်၊ ပန်းသီး ရှာလကာရည် တို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသဖြင့် အရသာ ထူးခြားကောင်းမွန်လှပါသည်
Japanese ဟင်းချက် အရသာ Sauce ဖြစ်ပါသည် ။အသုတ်များတွင် ငံပြာရည် အစားအသုံးပြု၍ရပါသည် မုန့်ဖတ်များနှင့်တို့စားလျှင် တစ်ခြားဘာမှထပ်ထည့်စရာမလိုတော့ပဲ အလွန်လိုက်ဖက်ပါသည် အသားပြုတ် ငါးပြုတ်များ Hot Pop များ တွင် အသားငါးအသီးအရွက် ပြုတ်များကို တို့စရာ အဖြစ်လည်းအသုံးပြုနိုင်ပါသည်။

နမူနာ ဟင်းချက်နည်း
ကြက်သား သို့ မဟုတ် ကြက်ပေါင် Tsuyu ဖြင့် Rose စတိုင် ချက်နည်း
ကြက်ပေါင် များကို ရေ ပူဖြင့် သေချာ ဆေးပါ

Dashi ဖြင့် နယ်ပြီး ခဏ ရေခဲသေတ္တာ သို့မဟုတ် အေးသောနေရာ တွင် ၅ မိနစ်ခန့်နှပ်ထားပါ
ကြက်သွန်အကွင်း ထူထူ ကြီးကြီးလှီးးထားပါ ဂျင်းကိုပါးပါး အနည်းငယ် လှီးထားပါ
အိုးပြန့်ပြန့် မကပ်သောအိုးတွင် ဆီအနည်းငယ် ထည့်ပြီး မီးနွေးနွေးဖြင့် ကြက်သားကို ကြော်ပါ အိုးကပ် လွန်းလျှင် ရေအနည်းငယ် ထည့်ပါ အဖုံးအုပ်ထားပါ အသားကြက်လျှင် ကြက်သွန်နီ အကွင်း အကွင်းလိုက် ထည့်ပါ ဂျင်းပါးပါးလှီး ထားတာ အနည်းငယ် ထည့်ပါ ကြက်သွန်နွမ်းလျှင် ငရုတ်ကောင်း အနည်း ငယ်ဖြူးပါ.....
ပြီးလျှင် Tsuyu တစ်ဆ Mirin ဟင်းချက် ဝိုင်ချို တဆ သိကြားအနည်းငယ် တစ်ဆ ရောပြီး အသားပေါ်မှ ဆမ်းပါ အချိုကြိုက်လျှင် သိကြားအနည်းငယ် ထည့် ပါ မီးနွေးနွေးဖြင့် တည်ပြီး အသားတွင် Tsuyu အရည်နှံအောင် အသား ကိုလှိမ့်ပေးပါ Tsuyu ပြစ်လာလျှင် ပန်းကန်ပြား တွင် ထည့်ပြီး မုန်လာဥနီ သခွားသီး ပါးပါးလှီး တို့ကိုဘေးတွင်ပုံ၍ ဟင်းပွဲ အလှဆင် ၍ သုံးဆောင် နိုင်ပါပြီ...
ဆမ်းထားသော Sauce သည် ကလေးငယ်များ ထမင်းဖြူဖြူပေါ်တွင် ဆမ်းစားပါက အလွန်အရသာ ရှိစေပါသည် .

အသီးအရွက်ကြော်များ အသားငါးများအသုတ်များတွင်လည်း ပဲငံပြာရည် ကဲ့သို့ အသုံးပြု၍ ရပါသည်
နောက်တစ်နည်း
အသားငါးများကို ရေအနည်းငယ်ဖြင့် မီးနွေးနွေးထားပြီး ရေခမ်းအောင် ပြုတ်ပါ ဂျင်းပါးပါးလှီးထည့် ပါ ကြက်သွန်နီကို အကွင်းလိုက်ထည့်ပါ ကြက်သွန်ဖြူ ပါးပါးလှီးအနည်းငယ် ထည့်ပါ ရေခမ်းခါနီး လျှင် အသားနူးပါက Tsuyu နှစ်ဇွန်း ခန့် ကို ဒီအတိုင်း လောင်းဆမ်းပြီး မီးနွေးနွေးဖြင့်နှံ့စပ်အောင် လုပ်ပြီး ခဏထား ပါက အလွန်အရသာရှိသော ဟင်းတစ်ပွဲ ရရှိစေပါမည်။
ထမင်းဖြူတွင်လည်း ဒီအတိုင်းဆမ်း၍ရပါသည် အသားငါးခေါက်ဆွဲ ကြော်ကြာဇံကြော်များတွင် အလွန်လိုက်ဖက်ပါသည်
အသားကင်ငါးကင်များတွင် ဆမ်းစားလိုပါက tsuyu ၃ဆ (၃ဇွန်း ) ။ သိကြား၁ဆ(တစ်ဇွန်း) ၊ ဟင်းချက်အရက် ၁ဆ (၁ဇွန်း)၊ Mirin ဟင်းချက်ဝိုင်ချိုအရည် ၂ ဆ (၂ဇွန်း)
ပန်းသီးလျှာလကာရည် 0.3ဆ (ဇွန်း၃ပုံ ၁ပုံခန့်အနည်းငယ် ) တစ်ပွက်ဆူကြိုပါ
အသားကင်ငါးကင်များတွင်ဆမ်းစား၍ရပါသည်
MAKRO , PROMART ,စိန်ဂေဟာ ဆိုင်များ Mayanamar Plaza 2ထပ် မှ JAPAN STORE rမြောက်ဒဂုံ ၃၁ရပ်ကွက် ဆရာစံမလမ်းမပေါ် Yuri Japanese Healthy Life ဆိုင်တို့တွင် ဝယ်ယူရရှိနိုင်ပါပြီ ။။



We Also Recommend